စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, December 30, 2014

82,83,84 (လှိုင်နယ်မြေ ၌တက်ရောက်ခဲ့ကြသော) ဘူမိကျောင်းသား/သူဟောင်းများ၏ ဆရာ/ဆရာမ ကန်တော့ပွဲ နဲ့ မိတ်ဆုံစားပွဲ


 
 
ဒီ ဒီဇဘာင်္လကတော့ ဆယ့်နှစ်လ ရာသီ မှာ ဆရာကန်တော့ပွဲ(အာစရိယ ပူဇော်ပွဲ) လလို့ ပြောရလောက်အောင်၊ ကျောင်းသားဟောင်းအသီးသီးတို့ရဲ့ အာစရိယ ဆရာကန်တော့ပွဲ၊တွေ့ဆုံပွဲတွေကို
နေရာအနှံ့လုပ်ကြမယ့်လုပ်နေကြတဲ့ သတင်းစာကြော်ငြာတွေ၊
 ဖေ့စ်ဘုတ်ပေါ်က post တွေ အများကြီး
အဆက်မပြတ်တွေ့နေရတာမို့
 မြန်မာတိုင်းရင်းသားလူမျိုးတို့ရဲ့
အာစရိယဆရာ/မတို့အား
အနန္တော အနန္တငါးပါးထဲထားပြီး ရိုသေလေးစား
 ကျေးဇူးရှင်နေရာ၌ထား
ချစ်ခင်မြတ်နိုးနေရာပေးကြသည့် ဓလေ့များ
အစဉ်ရှင်သန်ဆဲဟု တွေ့သိရ၍
ဝမ်းမြောက် သာဓု ခေါ်မိလျက်ပါ။

ဆယ်တန်းအောင်တာက ၃၃နှစ်ကျော်လို့
ဘွဲ့ရခဲ့တာ ၂၉နှစ်နီပါးရှိခဲ့ရာမှာ၊
အထက ကျောင်းသားဟောင်းများ၏
ဆရာ/ဆရာမ ပူဇော်ကန်တော့ပွဲကို
ယခုအချိန်ထိ တက်ရောက်ခွင့်ကံ မပါရှိသေးပေမယ့်၊

တက္ကသိုလ် ဆရာဆရာမ ဟောင်းများ ပူဇော်ကန်တော့ပွဲ ကိုတော့
 Dec 13 , 2014 နေ့က ပထမဆုံးအကြိမ် တက္ကသိုလ် ဓမ္မာရုံမှာ
တက်ရောက်ခွင့် ကြုံခဲ့ရသလို
ညနေ ပျော်ရွှင်ကြည်နူးဘွယ် မိတ်ဆုံစားပွဲကိုလဲ
 M3 မှာနွှဲခွင့်ရခဲ့သည်မို့
ဒီတစ်ခေါက် ခွင့်ပြန် ခရီးစဉ်သည်
မိမိအတွက် အလွန်တစ်ရာမှာ
ပီတိဝမ်းမြောက်စရာဖြစ်ခဲ့ရပါသည်။

 သူငယ်ချင်း ဆရာကန်တော့ပွဲ စီစဉ်သူများ ပေးထားသော အာစရိယပူဇော်ကန်တော့ပွဲခန်းမထဲက  ခေါင်းစဉ်နှင့် လျော်ညီစွာ
(post ကိုလဲ ဒီခေါင်းစဉ်ပေးထားပါတယ်))
အစိုးရအဆက်ဆက်၏
ပညာရေးစံနစ် နှင့် တက္ကသိုလ် ကျောင်းနေရာ
အပြောင်းအလဲ များစွာထဲတွင်
 82, 83,84 စာသင်နှစ်များအတွင်း
 ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ဘူမိဗေဒဌာနအောက်၌
3batch သော ဘူမိကျောင်းသူ/သားများသာ၊
ပထမနှစ် နှင့် ဒုတိယ နှစ် ဘူမိဗေဒ အဓိကဖြင့်
သင်ကြားခွင့်ရခဲ့ပါသည်။
ထိုမတိုင်ခင် ဒေသ စနစ်တုန်းက
ဘူမိဘာသာရပ်အား ဒေသအပြီး
တတိယ နှင့် စတုတ္ထ နှစ်နှစ် ကိုသာ
ရန်ကုန်တက္ကသိုလ်ပင်မ တွင်သင်ကြားရပါသည်။
ကျနော်တို့ သုံး ဘတ်ရှ် အပြီး
၈၈ အရေးအခင်း နှင့် ကျောင်းများပိတ်၍
 ပြန်ဖွင့်သည့်အခါတွင်
တက္ကသိုလ်များစွာ နိုင်ငံအနှံ့ ..
ပွါးများ ဖွင့်လှစ်ခဲ့သော်လည်း၊
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေမှာမှု)
ဘယ်ပြစ်မှု ကျူးလွန်ခဲ့မိ၍ မသိ၊
နှစ်ရှည် အကျဉ်းကျ တိုက်ပိတ် ခံခဲ့ရသည်မှာ၊
၈၈ နိုင်ကျဉ်း အားလုံးလွတ်ငြိမ်းခဲ့ပေငြား
သူက တော့ မေ့လျော့ ခံနေရဆဲလို့
 ပြောရမည်လားမသိ တော့ပါ။

 နိုင်ငံရေးအကျဉ်းသားများထဲတွင်
သူမလဲပါခဲ့ကြောင်း
နိုင်ကျဉ်းလှုပ်ရှားမှုအဖွဲ့ကို စာရင်းထဲထဲ့
 တောင်းဆိုပေးဖို့ .. အကြံပေးချင်ပါရဲ့။

အဲလိုထူးခြားတဲ့ ကျနော်တို့
3batch ရဲ့ ပထမဆုံး ပူပေါင်းလုပ်တဲ့
ဆရာ ကန်တော့ပွဲကို
 ကြုံတောင့်ကြုံခဲ
တက်ရောက်ခွင့်ရခဲ့တာအပြင်
ပထမဆုံး ဘူမိဆရာကန်တော့ပွဲ
တက်ခွင့်ကြုံ  တက်ခွင့်ရခဲ့တာ ဖြစ်တဲ့အတွက်
ကျနော့် အတွက်  ပိုမို၍ ဝမ်းမြောက် ပိတိဖြစ်ခဲ့ရပါတယ်။


ဆရာ/ဆရာမများ အသက်အရွယ်ကြီးပြင်းလာကြသည်နှင့်အတူ၊
ဟို အယင် နှစ်သုံးဆယ်လောက်က
အာဘောင်းအာရင်းသန်သန်ဖြင့်
 စေတနာမေတ္တာထားကာ
ချစ်တစ်ပည့်များအား
စာသင်ကြားပြီး
အတတ်ပညာ ပေးဝေ ခဲ့သော
ဆရာဆရာမ များသည်...

ယခုအခါ ဘဝအသီးသီးတွင်
လှုပ်ရှား ရုန်းကန် ယင်း
 ဖြတ်သန်းသွားနေကြပြီဖြစ်သော.....

ဥစ္စာရှာနေကြသည့် အရွယ်ရောက်
ချစ်တပည့်ဟောင်းကြီးများအား
တဖန် မမောမပမ်းနိုင် တရားဓမ္မများအား
 စေတနာ မေတ္တာများဖြင်း ဆုံးမ သွန်သင် ပြသနေဆဲ
ပင်ဖြစ်သည်ကို
ကြည်နူးစွာ တွေ့မြင်ရပါသည်။

ဆရာ ကန့်တော့ပွဲ ၌ တက်ရောက်လာကြသော
ဆရာ/ဆရာမ များအား ပြန်တွေ့ရသည်ဖြစ်၍
မိမိကိုယ် မိမိ ကျောင်းသားအရွယ်
 ပြန်ရောက်သွားသကဲ့သို့ခံစားရသလို၊
ဘဝ တစ်ပါးသို့ စောစီးစွာ ကူးပြောင်းသွားကြပြီ ဖြစ်သည့်
သူငယ်ချင်းအချို့၏ သတင်းကြရသဖြင့်
ဝမ်နည်း သံဝေဂ ရမိပြီး၊

မတွေ့သည်မှာ ဆယ်စုနှစ် များ ချီနေပြီဖြစ်သည့်
ငယ်သူငယ်ချင်းများစွာ ပြန်လည်တွေ့ရ၍
အလွန်ပင် ဝမ်းသာကြည်နူးမိရပါသည်။

လွန်ခဲ့သော နှစ်သုံးဆယ် တက္ကသိုလ်ရောက်ခါစ
အချိန်ကို စိတ်ကပြန်မြင်ယောင်မိယင်း....
တစ်ချိန်တုန်းက
ဂီတ အနုပညာ ဝါသနာပါခဲ့သော သူငယ်ချင်းများ....
စာဂျပိုးသူငယ်ချင်းများ....
ပျော်ပျော်နေ သူငယ်ချင်းများ.....
အားကစား အသီးသီး ဝါသနာထုံခဲ့သူများ......
အဖွဲ့အစည်း များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူများ....
တက္ကသိုလ်အရံတပ်ရင်းတွင် တက်ကြွ ခဲ့သူများ......
အချစ်ရေယာဉ်ကြောတွင် မျောပါနေခဲ့သူများ.......
ဓါတ်ပုံ၊ ကဗျာ၊ စာပေ ဗေဒင် အသီးသီးတွင်အထုံ ပါခဲ့ ကြသူ
အသီးသီး တို့အား..
 ပြန်လည်တွေ့ဆုံရသည့်အခါတွင်၊

ထို သူငယ်ချင်း အသီးသီးတို့၏
နကိုယ်ဝါသနာ အထုံ နေထိုင်မှုပုံစံ နှင့်
တစ်ထပ်တည်းကျပြီး
ဘဝ ကို ရပ်တည်နေသူ အဖြစ်
 အလွန်နည်းပါးစွာတွေ့ မြင်ကြရပါသည်။

ဟိုးတုန်းက ဝါသနာ နှင့် မည်သို့မျှ မဆိုင်တော့တဲ့
ပြောဆို ပြုမူ နေထိုင် ကွာခြားနေကြပြီဖြစ်သော
ဘဝ နှင့် အသားကျနေကြပြီ ဖြစ်သော
လုပ်ငန်းစုံ၊ နယ်ပယ်စုံ၊ ဌာနစုံ၊
အဖွဲ့အစည်းအသီးသီးစုံ၊
လူတန်းစား အသီးသီးစုံ မှ
သူငယ်ချင်းအစုံစုံတို့ဟာ
ဘဝကို အရောင်အသွေး အမျိုးမျိုးတို့ဖြင့်
ချယ်သထားပြီးဖြစ်ကြပေမယ့်........

ကျောင်းနေဖက် ဘူမိသူငယ်ချင်းတည်းဟူသော
သံယောဇဉ်နောက်ခံမှာ
အဖြူရောင် တစ်သားတည်း ဖြစ်တည်နေကြတာကို
သူတို့ရဲ့ အပြုံးမျက်လုံးများမှ တစ်ဆင့်
ထွင်းဖေါက်မြင်တွေ့နေကြရပါသည်။

အဓိတိလမ်း၊ ဦးချစ်ဆိုင်၊ တောင်ငူကန်တင်း နဲ့
မန္တလေးဆောင် တစ်ဝိုက်က
တက္ကသိုလ်ရဲ့ အတိတ်ဘဝ အရိပ်များဟာ
တစ်ဖြေးဖြေးဝေးကွာကျန်ရစ်နေခဲ့ပေမယ့်၊
ဆရာ/ဆရာမ နဲ့ တစ်ပည့် ကျောင်းသား
ဘူမိ ညီအစ်ကို မောင်နှစ်မ  သူငယ်ချင်းများရဲ့
အဖြူရောင် သံယောဇဉ်တွေက တော့
ထာဝရ ရှင်သန်နေဆဲ ရှိနေမြဲပါဘဲ လို့
ယုံကြည်လျက်...........။

Tat86 Bumi
မှတ်ချက်= တစ်ချို့သောဓါတ်ပုံများကို ကိုကျော်လွင်(ထီးဆိုင်)နဲ့ ကိုသန်းဝင်းအောင်(အတွတ်)တို့FB ပို့စ်မှ ယူသုံးထားပါသည်။




























































No comments:

Post a Comment