စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, June 26, 2015

နိုင်ငံရဲ့ မရှိမဖြစ် တဲ့
မဲမရရင်လဲ ဘာမှမထိခိုက်တဲ့
Institution  တစ်ခုကို
အသာလေး ထိုးခံကျွေး ပြီး

 ကြံ့ဖွတ်အများစုက
 ခြေဥကိုပြောင်းချင်စိတ်ရှိလို့
လွှတ်တော်မှာ သူတို့ကိုယ်စားလှယ် မဲတွေ
အများကြီးပေးထားပါတယ်ဆိုပြီး
လူထုတွေရဲ့ နားလည်ထောက်ခံမှု
တစ်ချို့ရအောင် နင်းတဲ့အကွက်ဖြစ်နိုင်သလို
Power sharing အတွက်
ပါတီ အချင်းချင်း ညှိယူလာနိုင်ဖို့
စလှမ်းတဲ့ခြေလှမ်းတစ်ခုလဲ
ဖြစ်နိုင်တယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ
လက်ရှိအာဏာရအုပ်စုတစ်ခုလုံးဆီက
ခြေဥ ပြောင်းပေးဖို့ အများကြီး  မျှော်လင့်နေရင်တော့
ကိုယ့်စိတ်ကိုယ် နှိပ်စက်နေတာနဲ့ တူနေလိမ့်မယ်လို့ အကြံပေးချင်ပါရဲ့။
တပ်က ၂၅ရာခိုင်နှုန်းနဲ့ ဗီတိုပါဝါကို
တန်ပြန်ပါဝါထိမ်းပြီးညှိယူဖို့က
၇၅ ရာခိုင်နှန်းနဲ့ အစိုးရ အဖွဲ့ ကိုယ့် လက်ထဲပြန်ရောက်ဖို့က
အယင်အရေးကြီးလိမ့်မယ်လို့ ထင်မိပါရဲ့။

No comments:

Post a Comment