စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, January 12, 2016

" လူမျိုးတစ်မျိုးမြင့်လာဖို့ ဆိုစွာ အားပီးတတ်ဖို့ ချီးမြှောက်တတ်ဖို့ လိုရေပိုင် ဈီးကွက်ထွင်တတ်ဖို့လဲ လိုရေ "

သမိုင်းနဲ့ပါတ်သက် တကယ်ငြင်းချင်ကတ် ကေ
သမိုင်းမှတ်တမ်းအဖြစ်ကျန်အောင် စံနစ်တစ်ကျ
သမိုင်းသုတေသနလုပ်ပြီး အထောက်အထားခိုင်လုံစွာ
မှတ်တမ်းပြုကျမ်းပြု ငြင်းခုံဆွေးနွေးဖေါ်ထုတ်ကတ်ပါ၊
သမိုင်းကို ရပ်ကွက်ထဲက ပါးစပ်ရာဇဝင်နဲ့
ဝါကျွတ်ပွဲက ဇါတ်ရုံရှိမှာ ထိုင်
ဇါတ်ဆရာမှားနီးဗျယ်လို့
 ငြင်းနီကတ်လို့မရပါ။

ဆရာ ချစ်ဦးညိုနဲ့ ဆရာပါရဂူ ရို့ ဝထ္ထုကို
 ဖတ်ကြည့်ကေ
သမိုင်းကို ပြောင်း ပြန်သတ်ဖို့
 ကြိုးစားကတ်စွာမဟုတ်ပါ
သမိုင်းနောက်ခံ ဇါတ်လမ်းအချို့၏
 ကျောရိုးကို အခြေခံကာ
မိမိအတွေး မိမိနှလုံးသားဖြင့် ခံစားပြီး
မိမိကလောင်သွားဖြင့်
မိမိချပြလိုတဲ့ ရသတစ်ခုကို
သူ့နှလုံးသားနဲ့ ရွီးကတ်စွာရာ ဖြစ်ပါရေ။။

သမိုင်းကို မိမိရို့
 သိထားစွာ အမှန်သေချာရေလို့ ထင်ကေ
သမိုင်းအချက်အလက်အမှန်တစ်ခုဖြစ်လာ အောင်
စံနစ်တကျ ကျမ်းပြုစုပြီးကေ
သက်ဆိုင်ရာမှတဆင့် စာတမ်းဖတ်ခြင်း
ပါရဂူဘွဲ့စာတမ်းပြုစုခြင်းများ
များများ ရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းကြယင်းနဲ့
တိမ်မြုပ်ပျောက်ကွယ်နီးဖြစ်နေသော
ပါစပ်ရာဇဝင်သာသာ ရခိုင်သမိုင်းများ
မှတ်တမ်းမှတ်ရာ ကျန်ရစ်အောင်
 ကြိုးစားသင့်ကတ်ပါဗျယ်။

ပြဇါတ်ကခြင်းသည် သမိုင်းကျမ်းပြုစုခြင်းမဟုတ်၍
သမိုင်းအချက်အလက် မှားယွင်းမှုများ
ပါကောင်းပါနိုင်သော်လည်း
အနုပညာရသ ကို ခံစားယင်း မိမိရို့၏
သမိုင်းနောက်ခံ ယဉ်ကျေးမှု တိကို
ဖေါ်ထုတ်ဈေးကွက်ဝင်
promotion လုပ်ခြင်းအဖြစ် အားပီးကတ်ယင်း
မှန်မမှန်ငြင်းခုံကြခြင်းထက်
ငါရို့လူမျိုးတိမှာ သမိုင်းနှင့်ပတ်သက်ကေ
စံနစ်တစ်ကျဖြစ်အောင်အများလက်ခံနိုင်ရေ
သမိုင်းမှတ်တမ်းတိဖြစ်လာအောင်
အားထုတ်ကတ်ပါလို့ တိုက်တွန်းချင်ပါရေ။

နောက်ဆုံးတစ်ခု အရေးတကြီးပြောချင်စွာက
ကျနော်ရို့တိ စောမဲကျီ အသူ့မယားလဲ
 ငြင်းနီကတ်တေ အချိန်မှာ
မောင်းတောက လွှတ်တော်အမတ်ပြုတ်
ဘင်္ဂလီ ရွှေမောင် နယူးယော့တိုင်းမှာရွီးထားရေ
မြန်မာပြည်က လူတစ်သန်းကျော်လောက် ရှိပြီးကေ
လူနည်းစုလို့ အမည်ခံ ငိုဟင်ဂျာလို့ ဆိုရေ
သနားစရာ အနှိမ်ခံပုံပြင် Article ကို
စလုံးက ဆက်ခံထရီကျောင်းတစ်ခုက
ဆတ်သရီးကလပ် ဆိုရှယ်စတာဒီဘာသာရပ်
သင်ခန်းစာတစ်ခုအဖြစ် သင်ဖို့
 ဆွေးနွေးဖို့ ကျောင်းသား တိကို
စာရွက်ဝေစွာ တွိရလို့  ခံပြင်းမိရေ။

ရခိုင်ပြည်ဇာတိ လူနှစ်သန်းကျော်လောက်ရှိပြီးကေ
သုံးပုံတစ်ပုံက ပြည်မနဲ့ နိုင်ငံတစ်ကာရာက်နီရေ
ရခိုင်လူမျိုးအကြောင်းကို ကမ္ဘာတစ်ဝှမ်းမပြောကေ့
အရှေ့တောင်အာရှမှတောင် သိရေလူနည်းရေ
ယင်းအတွက်နဲ့ ရခိုင်လူမျိုးတိ ကို ငိုဟင်ညာဇါတ်လမ်း
သမိုင်းလိမ်ပေါ်လာမှ ငိုဟင်ညာက ဇါတ်လိုက် မင်းသား
ရခိုင်က ဗိန်လိန်ပိုင်ရာ လူသိလာကတ်တယ်။

ယေဇူးနဲ့ ရခိုင်လူမျိုး နဲ့ ရခိုင် ယဉ်ကျေးမှု ကို
promote လုပ်ဖို့ဆိုကေ
 အေ ပိုင် ပြဇတ် ၊ အက၊ တေးခြင်း၊
ရိုးရာ မင်္ဂလာဆောင်၊ ရိုးရာ ဝတ်စုံ၊
အက်ီၤ ၊ ဒေယာ၊ ကအစ အားလံုးကို
 မြန်မာ ထဲတောင် မက
 နိုင်ငံ တစ်ကာ အသိုင်းအဝိုင်းထဲတောင်
 ဈေးကွက်ဖေါက် promote လုပ်နိုင်ဖို့
သမိုင်း အချက် အမှားတစ်ချို့ ပါလီ ရှိလီ ပါတ်ဇီ
လူမျိးနာမည် ထိုးထွက်နိုင်ဖို့
အားပီးကတ်ရဖို့ ကြိုးစားကတ်ရဖို့။

မြန်မာပြည်မှာ
ကိုယ့်ထီး ကိုယ်နန်း ကိုယ့် သမိုင်းရှိခ ကတ်တေ
 ပြောနီကတ်တေ ဗမာ ရခိုင် မွန် လူမျိုးတိထဲမှာ
အခုဆိုကေ ရခိုင် နဲ့ မွန်လူမျိုးကို
ကချင် လူမျိုး ကရင်လူမျိုး ပဒေါင်းလူမျိုးလောက်တောင်
ကမ္ဘာမှာ လူမသိတောင်မက
တဖက်ကပြောင်းရွှေ့အခြေစိုက်လာရေ
ဘင်္ဂလီတိ နံမည်သစ်ပီးထားရေ
ငိုဟင်ညာ တိလောက်တောင်
လူမသိ သူမသိ ဖြစ်လားရစွာရေ
ငရို့တိကိုယ်တိုင်ညံ့လို့ဖြစ်ရေ။

တချိန်က လူကြိုက်များခရေ
ရခိုင် ဒယော ထမီ တိရေ
အခု ချင်း ကချင် လုံချည်တိလောက်
 ဈေးကွက်မဖေါက်နိုင်စွာလဲ
ငရို့တိ ညံ့လို့ရာဖြစ်တယ်။

ယင်းအတွက် နဲ့
မိမိလူမျိုး တိုးတက်ဖို့ ဆိုကေ
ကိုယ့်အမျိုးကို ကိုယ် အားပီးတတ်ဖို့လိုရေပိုင်
promote လုပ်တတ်ဖို့လဲ လိုရေ။

 သမိုင်းပြုစုခြင်းမဟုတ်တေ
ယဉ်ကျးမှု ပရိုမိုးချင်းကိစ္စ မှာ
 ငြင်းနီကတ်ဖို့ အချိန်မပီးကတ်ဘဲ
တိုးတက်လာဖို့ ကိစ္စ ၊
ကိုယ်အမျိုးတိ
အရာရာမှာ  ဈေးကွက်ကျယ်လာဖို့ ကိစ္စ တိ မှာ
အပြုသဘော ငြင်းခုံကတ်ယင်း
လူမျိုးတစ်ရပ် မြင့်လာဖို့  လူရာဝင်လာဖို့
အရေးတကြီး လုပ်ကတ်ပါလို့ တိုက်တွန်းပါရေ။

ဦးတင်စံကျော် အခုအခြေအနေ ကိုရောက်လာ စွာ
မိမိကိုယ်ကို ယုံကြည်မှုနဲ့  မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။
ဖရော်ဖက်ဆာ ဒေါက်တာ စောဝေလှ ဖြစ်လာစွာလဲ
မိမိကိုယ်ကို ယုံကြည်မှုနဲ့  မိမိကိုယ်ကို
တစ်စိုက်မတ်မတ် Promote လုပ်တတ်လို့ဖြစ်တယ်။

မြန်မာပြည်ဖွား တရုတ်လူမျိုးစစ်စစ်ဖြစ်လို့
FRC ဘဝနဲ့ ဆေးကျောင်း မတက်လိုက်ရကေလဲ့
အမေရိကားကို ၁၃ဒေါ်လာနဲ့ရောက်လို့
တစ်စိုက်မတ်မတ် ကြိုးစားယင်းက
Hishhio Sushi ပိုင်ရှင် သဌေးဖြစ်လာသူ
ကိုဖိလစ်မောင်သည်လည်း
ဘဝကိုတစိုက်မတ်မတ်ကြိုးစားယင်း ရုန်းကန်မြှင့်တင်ယင်း
Promote လုပ်ယင်း  ထိပ်ကိုတက်လှမ်းနေသူ တစ်ယောက်ပါ 

ရခိုင်သားတိ သူများနှိမ်လို့
 အေဘဝ ရောက်နီရရေ တွေးနီဖို့ပြောနီဖို့ထက်
မိမိ ဘဝ ကို မိမိ ယုံကြည်ချက် ထားပြီး
ကိုယ့်ဘဝကို ကိုယ်
မိမိရို့ တစ်ယောက်ချင်းစီ
တည်ဆောက် promote လုပ်လားကတ်ဖို့ဆိုကေ
ကမ္ဘာမှာ ရက္ခိုင် ရက္ခိုင်ယဉ်ကျေးမှု ရက္ခိုင်ထွက်ပစ္စည်း
ရက္ခိုင်နည်းပညာတိ ဆိုစွာလဲ နီရာတစ်ခု
အခိုင်အမာနဲ့ တည်ရှိနီလာ နိုင်မှာပါ။

http://www.nytimes.com/2015/11/03/opinion/myanmar-election-disenfranchised-rohingya.html?utm_source=BurmaNet+List&utm_campaign=afc3b67c14-BurmaNet_News_October_27_201510_27_2015&utm_medium=email&utm_term=0_e8fbf8e3d3-afc3b67c14-219050333

 https://www.questia.com/newspaper/1P2-38928115/disenfranchised-rohingya


 http://www.nytimes.com/2015/08/24/world/asia/myanmar-lawmaker-u-shwe-maung-barred-from-re-election-on-citizenship-grounds.html?_r=0

1 comment:

  1. တစ်ခုတော့သတိထားလေ့လာမိရေထူးချွန်ရေရခိုင်သားတိ တခြားတိုင်းရင်းသားကိုယူထားစွာတွိရရေ အချင်းချင်းလက်ထပ်တေလူတိယင်းလောက်မထင်ရှား ယင်းချင့်လေ့သုတေသနပြုဖို့လိုရေထင်ရေ

    ReplyDelete