စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, January 19, 2016

မီချီကန် မှ အဆိပ်သင့်ရေ

 စိတ်ဝင်စားဘွယ် Michigan ရဲ့ ရေညစ်ညမ်းမှု ပြဿ       နာပါ။
Michigan ဒေသဟာလဲ
လူများ ပိုမိုဝင်ရောက်နေထိုင်လာမှု  စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ
ပိုမိုဝင်ရောက်လုပ်ကိုင်ချဲ့ထွင်လာမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ
အချိန်နဲ့အမျှကြီးထွားလာသလို ဒေသဆိုင်ရာအစိုးရကလဲ ဥပဒေတွေ
စဉ်ဆက်မပြတ်ထုတ်ပြန်ယင်းအခြေအနေကို ထိမ်းသိမ်းလုပ်ဆောင်နေရပါတယ်
ဒီလိုများပြားလာတဲ့ လူဦးရေ နဲ့ လုပ်ငန်းတွေကြောင့်
ရေသုံးစွဲမှု လိုအပ်မှုဟာလဲ အဆမတန် အချိန်နဲ့အမျှကြီးထွားလာပါတယ်။

တစ်ခြားအောက်ပါ လင့်များကို ဖတ်ကြည့်ခြင်းကြောင့်
 မြစ်ရေ ကိုပြောင်းလဲ မသုံးစွဲခင် ကတည်းက
Aquifers တွေထဲက Ground water တွေ ကို
စိုက်ပျိုးခင်းတွေမှာရော သုံးရေ သောက်ရေ အတွက်ထုတ်ယူကြရာမှာ
လက်ရှိအနီးအနားမှာရှိတဲ့ Michigan lake နဲ့ Aquifer တွေမှာ
 ရေမြောက်မြားစွာ ဆုံးရှုံး ရေမျက်နာပြင်နိမ့်ကျသွားမှာ
စိုးရိမ်နေရတဲ့အကြောင်းရင်း တစ်ခုဖြစ်တာကြောင့်
ကန့်သတ်ထုတ်ယူခွင့်သာပြုထားတဲ့ ဥပဒေတွေကြောင့်
 ရေမလုံလောက်တဲ့ပြဿ       နာတွေနဲ့ ရင်ဆိုင်နေရတာမှာ
အကုန်အကျသက်သက်ဖို့ မြစ်ရေကို
သုံးစွဲ ဖြန့်ဝယ်ဖို့ဆုံးဖြတ်ခဲ့တာလို့ ယူဆရပါတယ်....။

အခု ခဲဆိပ်တက်ရတယ့် အကြောင်း စစ်ဆေးတဲ့အခါ
ဖလင့် မြစ်ရေ ရဲ့ မူလပါဝင်တဲ့ ဆား Chloride ဓါတ်အပြင်  အဲဒီအပေါ်မှာ
 ဆောင်းတွင်း လမ်းတွေပေါ်မှာ ဖုန်းလွှမ်းတတ်တဲ့
 ရေခဲတွေအရည်ပျော်ဖို့ သုံးလေ့ရှိကြတဲ့
Road salt လို့ခေါ်ကြတဲ့ Chloride ဆားတွေကလဲ
 မြစ်ရေထဲစီးဝင်သွားကြတာကြောင့်
Chloride ပိုမိုပါဝင်ရတာအပြင်
လူတွေသုံးဖို့အတွက်  ရေကို သန့်စင်စေရာမှာလဲ
Chloride   နောက်ထပ် သုံးစွဲကြရာမှ
 ရေထဲမှာ Chloride ပါဝင်မှု ဟာ 11.4 mg/l ကနေ
92 mg/l ကျော်ထိမြင့်တက်နေပါတယ်တဲ့၊
ဒါကြောင့်မို့ ရေရဲ့ တိုက်စားပျက်စီးစေမှု
Corrosiveness level ဟာ  Iron Corrosion Index အနေနဲ့
“0.54 (low corrosion) to 2.3 (very high corrosion) ဖြစ်နေပြီး
 lead corrosion အနေဖြင့်
the chloride to sulfate mass ratio (CSMR) index ဟာဆိုရင်
0.45 (low corrosion) ကနေ 1.6 (very high corrosion) ထိ
 ရောက်နေပါတယ်တဲ့၊

ဒါကြောင့်မို့ သက်တမ်းကြာ ဟောင်းနွမ်းနေပြီးဖြစ်တဲ့
ခဲသတ္တုပါဝင်ပြုလုပ်ထားတဲ့
 ရေပိုက်လိုင်း(Lead pipe) နံရံကို တိုက်စားမှု ပိုမိုများစေကာ
ခဲမှုန်ခဲမွှားတွေကို ရေထဲသို့ပိုမိုရောက်ရှိပါဝင်စေတာကနေ
အခုလို ခဲဆိပ်သင့်စေခဲ့တာလို့ယူဆကြပါတယ်။


 Standard, Code, Act ,  တွေအများကြီး
ထုတ်ပြန် အကာအကွယ်ပေးထားတဲ့
တိုးတက်လွန်နေတဲ့ တိုင်းပြည်တစ်ခုမှာတောင်  ၊
ဒီလိုအမှားမျိုး ဖြစ်တတ်သလို
ဖြစ်ရခြင်းရဲ့အကြောင်းရင်းမှန်ကို ဖေါ်ထုတ်နိုင်တာကလဲ
ချီးကျူးရမည့် အချက်တစ်ခုပါဘဲ။

လူတွေအတွက် အန္တရာယ်တိုက်ရိုက်မရှိလို့ ယူဆကြတဲ့
Chloride ဓါတ်မြင့်မားမှုဟာ
မထင်မှတ်ဘဲ ခဲဓါတ်ကို ပိုမိုတိုက်စားမှုကြောင့် ရေကို ခဲနဲ့အဆိပ်သင့်စေခဲ့တယ်ဆိုရင်
ကျနော်တို့မြန်မာပြည်မှာ ပလက်စတစ်ပိုက်၊ သံပိုက်၊ ပိုက်မျိုးစုံ ကို
ပုဂ္ဂလိက ပိုင်၊ ဌာနပိုင်၊ အများပိုင် အဆောက်အဦးတွေနဲ့
ရေဖြန့်ဝယ်ရာမှာ မျိုးစုံသုံးစွဲနေကြပါတယ် ဖြန့်ဝေ နေကြ၊ သုံးစွဲနေကြတဲ့
ပိုက်ရေ ၊ တွင်းရေ တွေ နဲ့၊ အသုံးပြုတဲ့ material တွေ ရဲ့ သင့်တင့်သင့်လျော်မှု
End user သောက်သုံးသူ ပါးစပ်ထဲ ရောက်ရှိချိန်မှာ ရေရဲ့အရည်အသွေး
ဒါတွေဟာ ပြည်သူတွေအတွက် ဘယ်လောက်အတိုင်းအတာထိ
Save ဖြစ်မလဲ၊ တစ်ခုခုဖြစ်လာခဲ့ရင်လဲ အကြောင်းရင်းဟာ၊
ရေကလား၊ အစားအသောက်ကလား၊ လေကလား၊
 တော်တော်ခွဲခြားရှာဖွေရခက်လေမလား။

နောက်တစ်ခုက အထူးစီးပွားဇုံကြီးတွေ အစိုးရက
ချမှတ်ဆောင်ဖို့ ဆုံးဖြတ်တဲ့ ဒေသ တွေမှာကော
အနာဂါတ် သောက်သုံးရေ လိုအပ်မှု ကို
 ဖြည့်ဆည်းဖို့ မည်သို့ စီစဉ် ၍ ဥပဒေ များ ချမှတ် ထားသနည်း၊
ထိုစီမံကိန်းအကောင်အထည်ဖေါ်မှုကြောင့်ဘဲ
လက်ရှိ နှင့်အနာဂတ်သောက်သုံးရေ များအဖေါ်
Pollution အနည်းအများ ဖြစ်သွားနိုင်သလား
ကြိုတင် စဉ်းစားပြင်ဆင် ထားမှုများရှိရဲ့လား၊

Open pit mine တွေကို ဖားကန့်ဒေသမှာ မြောက်မြားစွာ ခွင့်ပြုကာ
နိုင်ငံတော်ဝင်ငွေ နဲ့ ကိုယ်ပိုင်ဝင်ငွေ အကြီးအကျယ်ရှာနေကြသော်လည်း
ထွက်ရှိလာသည့် မြေကြီးကို မည်ကဲ့သို့ Utilize လုပ်ရန်
အစိုးရမှ ဦးဆောင်၍ ပေါ်လစီများချမှတ်၍
လိုက်နာဆောင်ရွက်အောင်မလုပ်သောအခါ
အလျှံပယ်ထုတ်ယူ၍ အလျှံပယ် ပစ်လိုက်သော
 မြေဇါတောင်ကြီးတွေသာ ခါကာဘိုရာဇီ ကို
အံတု တော့မယောင် ကျန်ရစ်နေပါတော့သည်။
ရန်ကုန်မှ ယုဇနဥယျာဉ်မြို့ခေါ် ဒဂုံဆိပ်ကမ်းမြို့သစ်သွားရာ
ကားလမ်း နဘေး နှင့် မြောင်းကြား မြေလွတ်တစ်လျောက်
 မြေစာပုံများ လ နှင့် ချီ အပုံပုံ ပုံထားဆဲ ရှိနေတာ
 တောက်လျောက်တွေ့မြင်နေရပါသည်။
 ဒါဟာလဲ Construction က ထွက်လာတဲ့ မြေကြီးကို
တနေရာရာမှာ စနစ်တစ်ကျပြန်အသုံးချဖို့
စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူအဖက်ဖက်က
 ပျက်ကွက်မှု တစ်ခုပါဘဲ။

In an attempt to save money, Flint stopped sourcing drinking water from Detroit on April 25, 2014,
switching instead to the Flint River. In December, Walters alerted city and state officials to the presence of lead in her home water supply.
When they failed to take decisive action, she turned to Marc Edwards, a renowned expert on water treatment and corrosion at Virginia Tech,
whose prior research forced the Center for Disease Control and Prevention to acknowledge publishing a “scientifically indefensible” report
about Washington DC’s compromised municipal water supply.
Obama declares Flint water emergency as Sanders blames Michigan governor
Read more................

http://www.theguardian.com/environment/2016/jan/18/michigan-flint-river-epa-lead-contamination-mdeq-pollutants-water-safety-health
http://thinkprogress.org/climate/2015/06/05/3666238/flint-michigan-drinking-water-contamination/
https://creeklife.com/blog/what-you-need-to-know-about-water-pollution-in-the-great-lakes
http://www.mlive.com/environment/index.ssf/2014/01/michigan_rivers_polluted_by_hu.html
http://www.michigan.gov/deq/0,4561,7-135-3313-12711--,00.html


Lead, which is most harmful to pregnant women, women who are nursing and
children under age 6, can damage the brain and kidneys,
and can interfere with the production of red blood cells.
 Lead poisoning can also irreversibly stunt a child’s mental and physical development.

The U.S. Environmental Protection Agency says that 15 parts per billion (ppb) is
the maximum recommended level of lead in household water.
However, an alarming Flint Water Study found that about 10 percent of their
local water samples had values of lead at levels of 25 ppb.

Local parent Lee-Anne Walters told The Guardian she was “shocked, angry …
and hysterical” after learning in March that her son’s immune system was compromised after unsafe lead exposure.

“I just couldn’t believe that we were paying to poison our kids,” she said.

Read more........
http://ecowatch.com/2015/10/07/flint-michigan-lead-contamination/


http://www.theguardian.com/environment/2016/jan/18/michigan-flint-river-epa-lead-contamination-mdeq-pollutants-water-safety-health

No comments:

Post a Comment