စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Monday, May 9, 2016

Myanmar Value & Identity

Free Hug Campaign ,
Valentine Day,
Mother Day,
Father Day
Teacher Day
ဒီလို အထိမ်းအမှတ်နဲ့ campaign တွေက
အနောက်ကနေ အရှေ့ အရှေ့ကနေ မြန်မာပြည်ထဲကို ကူးစက်ရောက်လာပါတယ်
တချို့ အထိမ်းအမှတ်တွေဟာ ကမ္ဘာ့တခြားအခြမ်းက ကိုးကွယ်တဲ့ဘာသာရေးနဲ့
ဆက်နွယ်တဲ့ ဓလေ့ထုံးစံ တွေကနေပေါက်ဖွါး ကူးစက်လာတာဖြစ်ပြီး၊
တစ်ချို့ အလေ့အထတွေက တခြားဒေသရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုကနေ
အခြေပြုကူးစက်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုရှယ်မီဒီယာ
ရုပ်ရှင်ဂီတ အနုပညာ စတဲ့ပရိတ်သတ်ပြည်သူကို
ဖမ်းစားနိုင်တဲ့ အနုပညာ ကဏ္ဌတွေ နဲ့
စီးပွါးရေးနဲ့ ဈေးကွက်ဖန်တီးမှု ချဲ့ထွင်မှုတွေက
ခေတ်နှင့်အညီ ပြောင်းလဲကြံဆ တိုးတက်လာမှုမရှိတဲ့အခါ၊
တစ်ခြားကဏ္ဌအသီးသီးကဲ့သို့ပင်
နောက်ဆုံးတွင်ကျန်ရစ်ခဲ့ကာ
ကဏ္ဌတိုင်းတွင် weak အဆင့်မဟုတ် poor အဆင့်ကျန်ရစ်ခဲ့ပြီး
Copy လုပ်သည် import လုပ်သည့်အဆင့်ပဲကျန်က
နေရာတကာ ကဏ္ဌအသီးသီးတွင် သူများ၏ ဈေးကွက်
သိမ်းပိုက်မှုကို ခံစားခဲ့ကြရပါသည်။

ကျနော်တို့၏ ဗုဒ္ဓဘာသာလူမျိုးများတွင်
 အနန္တော အနန္တ ကို
ပူဇော်ကြသော နေ့ထူးများရှိကြပါသည်။

အခါကြီးရက်ကြီးများတွင်ပါ။
ဆရာဆရာမများအား ပူဇေါ်ကန်တော့ပွဲများ ခေတ်အဆက်ဆက်
စဉ်ဆက်မပြတ်ရှိကြပါသည်။

အနောက်တိုင်းတွင် ဘယ်ဘာသာကိုးကွယ်သည်ဖြစ်စေ
ဤအလေ့အကျင့်နည်းကြပါသည်။
အပြုအမှုအားဖြင့် ဆရာဆရာမ မိဘ လူကြီးများအပေါ်
ချစ်ကြောက်ရိုသေမှု လေးစား ကိုင်းညွှတ်  မှု
နည်းကြပါသည်။
သူ့အလုပ် ကိုယ်အလုပ် သူတာဝန်ကိုယ်တာဝန်
လူတို့ ဘဝစက်ဝန်းထဲက ဖြစ်စဉ်တစ်ခုဟု ယူဆကြသလိုပါဘဲ။
ဆရာ နှင့်တပည့်ကြားကျေးဇူးခံ ကျေးဇူးစားရှိကြသည်ဟုလည်းယူဆကြပုံ ခံယူကြပုံမရပါ။
လင်မယားတွေ၊ လက်ထပ်၊ကွဲ၊ ကွာရှင်း၊ အတူနေ၊၊ ချစ်ကြ ကွဲကြရာတွင်လည်း ကောင်း၊
ကြုံသလို ကုတင်ပေါ်ရောက်သွားကြရာတွင်လည်း သိပ်အလေးထားပုံမရကြပါ။

မိဘ နှင့် သားသမီးကြားတွင် ၁၈နှစ်ပြည့်ပြီး ဆက်ဆံရေး၊ စောင့်ရှောက်ရေး တို့ဟာ
အရှေ့တိုင်းသားတွေ နှင့်ရော မည်သည့်ဘာသာ ကိုးကွယ်သည့်
 မြန်မာပြည်သားတို့နှင့်မဆို
ကွာခြားကြပါသည်။
မြန်မာပြည်သားတို့တွင် 
အိမ်ထောင်မှု ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး
 ဤသုံးခု ချက်မပိုင်လျင် နောင်ပြင်ရန် ခက်သည့်အမျိုး
ဆိုသည့် စကားကို အတော်အလေးထားကြပါသည်။

သို့သော် အနောက်တိုင်း ပုဂ္ဂိုလ် များသည်အရာရာကိုစံနစ်တကျလုပ်တတ်ကြပါသည်။
သူတို့တွင် parent day ဟုလည်းတနှစ်တရက်သတ်မှတ်ကြသည်။
valentine day ဟုလည်း တနှစ်တရက် သတ်မှတ်ကြသည်။
Mother day ဟုလည်း တနှစ်တရက်သတ်မှတ်လိုက်ကြသည်။
Father day ဟု တနှစ်တရက်သတ်မှတ်လိုက်ကြသည်။
Teacher day ဟု တနှစ်တရက်သတ်မှတ်လိုက်သည်။

ကျနော်တို့မြန်မာတွေကတော့ အခွင့်ကြုံတိုင်း ဘဝမှာ တရက်တစ်လ တစ်နှစ်
 ပညာသင်ပေးခဲ့သော ဆရာဆရာမ များကို ကန့်တော့တတ်ကြသည်
လေးစားကြသည် တွေ့တိုင်မြင်တိုင်း ဆက်သွယ်မှုလုပ်တိုင်း ဆရာ/မ ဟု
တသက်လုံး ရိုသေစွာ ဂါရဝပြု နှုတ်ဆက် ဦးပန်ကြသည်။

ဆရာ/မ ဖက်ကလည်း ဤအတိုင်းပင် တပည့်တပန်းအပေါ်
ဘဝတစ်လျောက် အဆက်ဆက် သံယောဇဉ် ကြီးကြသည်။

မိဘ နှင် သားသမီးကြားမှ သံယောစဉ်သည်လည်း စဉ်ဆက်မပြတ်
စီးဆင်းနေကြသည်ပင်ဖြစ်၍ ဤသို့ရှိရမည်ဟုယူဆကြသည်လည်းဖြစ်ပေသည်။

ချစ်သူရည်းစားထားခြင်း အိမ်ထောင်ပြုကြခြင်းတို့တွင်လည်း
တသက်လုံးကို ရည်ရွယ်ချစ်ကြသည်ဖြစ်၍
ချစ်သူရည်းစား အများစုကြားရည်းစားထားကြသည်မှာ အခုခေတ်တွင်
အနောက်တိုင်းကိုအားကျ ထည်လဲတွဲလာသည်များရှိလာကြမည်ဖြစ်သော်လည်း၊
ဘယ်သမီးရည်းစားမှ လက်ထပ်ဖို့မရည်ရွယ်သေးပါဘူး၊
ချစ်ရုံသက်သက်သာ စဉ်းစားသေးတယ်ဟု ဆိုလျင်ကြိုက်မည်မထင်ပါ။

ဒါကြောင့်မို့လဲ မြန်မာတို့တွင် ချစ်သူနေ့၊ မိဘနေ့၊ အမေနေ့၊ အဖေနေ့၊
ဆရာ/မများနေ့ စသည်ဖြင့် သတ်မှတ်ကြခြင်း မရှိခြင်းက
အချိန်တိုင်းရင်ထဲရှိနေရန်လိုအပ်သည်မို့ဟုယူဆပါသည်။

သဘောင်္သားများ၊ စစ်သားများ၊ နိုင်ငံရပ်ခြား အလုပ်သွားလုပ်ကြသူများ
 ကျေးဇူးအောက့်မေ့သတိရ ဖို့၊ အမိမေတ္တာခြုံလွှမ်း ဘေးဘယာကင်းဖို့
အမေ့ထမီစ များ ကိုယ်နဲ့မကွာ ယူဆောင်ကြသည့် ဓလေ့ ယုံကြည်မှုရှိကြပါသည်။
ဒါတွေဟာ ဘာသာတရားအဆုံးအမ ကြောင့်ထက် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေဖြစ်သလို၊
မြန်မာလူမျိုးတို့၏ value များပါ။ Asian value , western value စသည်ဖြင့်
cultural value တွေရှိကြရာမှာ ဒါတွေဟာ မြန်မာ့ value , မြန်မာ့ Identity တွေပါဘဲ။

ကမ္ဘာကြီးပွင့်လင်းလာတဲ့ အချိန်မှာ မိမိတို့ value တွေမပျက်စီးပဲ မိမိတို့ value အပေါ်မှာ တခြားဒေသက
ကောင်းမွန်တယ်လို့ ကျနော်တို့လူ့အဖွဲ့အစည်းက လက်ခံတဲ့ positive value တွေပေါင်းစပ်
 ရောနှောမှုက ပြဿ       နာ တရပ်မဟုတ်ပေမယ့်

နောက်ကွယ်က ပါလာနိုင်တဲ့ negative value တွေပါ ပေါင်းထဲ့ခံမယ်မယ်ဆိုယင်
ကျနော်တို့ လူအဖွဲ့အစည်း value နဲ့ Identity တွေမှာ အနှုတ်ပြသွားနိုင်ပါတယ်။
ကျနော်ဖြစ်စေချင်ဆုံးကတော့ cultural နဲ့ပတ်သက်လာရင်
 နေရာတိုင်း ကဏ္ဌတိုင်းမှာ ကျနော်တို့ရဲ့ value နဲ့ identity ကိုသူတို့
အပေါ်ပေါင်းထည့်ရောနှောစေခြင်းက
သူတို့ရဲ့ value နဲ့ identity ကျနော်တို့အပေါ် ပေါင်းထည့်ရောနှေစေခြင်း
culture အရရော ဈေကွက်စီးပွါးရေးအရပါ ကိုယ့်တို့အတွက် တိုးတက်ဖွံ့ဖြိုး
လူရှေ့တိုးမယ့်အတွေးလို့ ခံယူမိပါတယ်။

No comments:

Post a Comment