စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, July 12, 2013

2015 ရွေးကောက်ပွဲနဲ့၊ အားပြိုင်မှုတွေရဲ့ နောက်က အန္တရာယ်တွေ

ကိုယ်ထမင်း ကိုယ်စား တိုင်းတစ်ပါးသွားကျွန်ခံ ထမင်းဝနေပြီး ကိုယ်မြေကိုယ့်ရေ ဒုက္ခ အပေါင်းက ရှောင်ပြေးနေတဲ့ လူလို့ ကို့ကိုယ်ကို မေးခွန်းထုတ် ကိုယ့်အဖြေကိုယ်ပေးချင်သလိုဘဲ၊ ရှောင်လဲ တစ်ကယ်ပြေးခဲ့တာမို့ အပြစ်ဖို့ ရင်လဲ မတတ်နိုင်ပါ၊ ဒါပေမဲ့လဲ နိုင်ငံခြားနေ နေတဲ့ နှစ် ၂၀နီးပါးမှာ ကျနော်မှာ လက်ရှိတောင် စုမိတာမရှိတဲ့စုစုပေါင်းအခွန်ငွေကိုတွက်ကြည့်မယ်ဆိုရင် ဒေါ်လာငွေ တစ်နှစ် 1800 နှန်းနဲ့ နှစ်  နှစ်ဆယ်နီးပါးဆောင်ခဲ့ရတာ ပြီးခဲ့တဲ့ ဧပြီထိပါ၊ ဒါ့အပြင် လက်ရှိလုပ်နေတဲ့ နိုင်ငံဖြစ်တဲ့ Singapore အစိုးရကိုလဲ ကျနော် အခွန် xxxx ကျော် ဆောင်ရတဲ့ double tax ပေးရတဲ့ နှစ်နိုင်ငံလုံးတွက် အခွန်ကျေတဲ့ နိုင်ငံ့ သားကောင်း တစ်ယောက်လို့လဲပြောလို့ရသလို၊ အခွန်မှန်မှန် ဆောင်လာ ခဲ့ပေမယ့် နိုင်ငံတော်ဆီက ဘယ်မြေတစ်ကွက်၊ လယ်တစ်ကွက် မှ အလကား မယူဘူးတဲ့အပြင်၊ နိုင်ငံ မှာ အရေးကြုံတိုင်း တတ်အားသမျှလှူတမ်းပါဝင်ခဲ့သူမို့၊ ကိုယ့်ရဲ့ Blog လေးကနေ အားအားယားယား ဝေဖန်ဆန်းစစ် ပြီး ကိုယ့်အတွေး ကိုယ်အမြင်ကို အများအမြင်မှာ မှန်နေသည်ဖြစ်စေ မှားနေသည် ဖြစ်စေ ချရေးခွင့်ရှိတယ်လို့ ခံယူမိပါတယ်၊


 လေကြောလဲ ရှည်နေတာ တော်သင့်ပြီမို့၊ တွေးမိတာလေး စရေးရရင်၊ ခုတလော ဖတ်ရတဲ့ သတင်းတွေ အခြေခံပြီး 2015 ရွေးကောက်ပွဲနောက်ပိုင်းဖြစ်လာမဲ့ အခြေအနေကို ကိုယ်ဟာကို ဆွဲတွေးပြီး စိုးရိမ်မိတာ ချရေးရရင်တော့
2015 မှ တိုင်းရင်းသားဒေသတွေမှာ၊တိုင်းရင်းသားပါတီတွေပဲ နိုင်ဖို့များတယ်၊ တပ်မတော်က 25% လွတ်တော်မှာယူထားပြီးသား၊ ကျန်တဲ့ 75% ကနေ တိုင်ရင်းသားတက်လာနိုင်တဲ့ နေရာတွေကိုနုတ်လိုက်ရင် လွတ်တော်မှာ 40-45% ကျန်ရင်ကံကောင်းပဲ၊ ပြည်ခိုင်ဖြိုး နဲ့NLD တစ်ကယ်ယှဉ်ပြိုင်ရမှာက ပြည်မ ဘဲ၊ ၈၈ အဖွဲ့ရယ် တစ်ခြားပါတီတွေလဲ  ပြည်မမှာဝင်ပြိုင်လာနိုင်တယ်၊ဒီတော့ပါတီ တစ်ခုချင်းအနေနဲ့ ၃၀% ရဖို့မလွယ်ဘူး၊ ဒီတော့ အချင်းချင်းပြိုင် ဖို့ NLD မဲကျအောင် သိသိကြီးလုပ်နေသလို၊ NLD က နိုင်ငံရေး ပရိယယ်ကြွယ်စွာနဲ့မရှောင်ပဲ တမင်တည့်တည့်ဝင်ခံပြီး high risk ယူပြီး သူတို့ principle နဲ့တင်းခံတာဟာ NLD အတွက် နိုင်ငံရေးအရအကျိုးရှိစေသလား ဆိုးသွားစေသလား စဉ်းစားစရာဖြစ်တယ်၊ နှစ်ပေါင်း ၂၀ ကျော် လူပေါင်းမြောက်မြားစွာရဲ့အသက် အိုးအိမ်စည်းစိမ်တွေနဲ့ရင်းခဲ့ကြတာမှာ အာဏာရှင်စနစ် ပြုတ်ကျပြီ စစ်မှန်တဲ့ ဖယ်ဒရယ်မူနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ပြောကြတယ်၊ uniform ချွတ်ထားတဲ့ စစ်အစိုးရတောင်မဆင်းရသေးဘူး၊ ဒီမိုကရေစီအင်အားတွေမှာ မူဝါဒတွေကွဲနေကြပြီ၊
d)ပြည်ခိုင်ဖြိုးရဲ့ နောက်ခြေလှမ်းက PR system ကို အကောင်အထည်ဖေါ်ရေးဖြစ်နိုင် တယ်၊ ဒါဟာ လွှတ်တော်မှာ၊ ပြည်မပါတီတွေအတွက် အမတ်ဦးရေတိုးပွားအောင်လုပ်ပြီး၊ တိုင်းရင်းသားတွေရဲ့အမတ် ratio ကိုကျအောင်လုပ်တာတစ်မျိုးလို့ထင်ရတယ်၊ Socialite ခေတ်တုံးက လူမျိုးကွဲပြားတဲ့ ပြည်နယ် ၇ခု ကို တိုင်း  ၇တိုင်းနဲ့ချိန်ခွင်ချာညှိခဲ့တာလဲ ဒီသဘောဘဲ၊
e) 2015 မှာ အင်အားသာတဲ့ ပါတီဘက်ကို စစ်တပ် ကိုယ်စားလှယ် 25% ဟာ သူတို့ရဲ့ အကျိုးစီးပွါးအတွက်အပေးအယူမျှမယ်ဆိုရင် ဘက်ပြောင်းနိုင်တယ်။
f) ဒီ risk တွေကို eliminate လုပ်ဖို့အတွက် 2015 မှာ ပြည်ခိုင်ဖြိုးဟာ NLD ထက်မဲအသာစီးရ ရမည့် အပြင်၊ အစိုးရဖွဲ့ဖို့အတွက် NLD နဲ့ညွန့်ပေါင်းလုပ်ပြီး လိုအပ်တဲ့ရာခိုင်နှံးပြည့်အောင် လုပ်ရမည့်ကိန်းဆိုက်နိုင်တယ်၊ ဒါကြောင့် ဦးရွှေမန်းက စကား ခေါ်တာဖြစ်နိုင်တယ်၊ တစ်ဖက်မှာ စုပေါင်းလိုက်ရင် အင်အားမသေးတဲ့ တိုင်ရင်းသားလူမျိုးကိုယ်စားလှယ်တွေကိုအသာစီးရဖို့ PR systemု ကို အဆိုပြုလာတာလို့ယူဆရတယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ် 2015 မှာဖွဲ့လာမဲ့ အစိုးရဟာ၊ လက်ရှိ အစိုးရလောက် လွှတ်တော်မှရော၊ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေကြားထဲမှာ ညီညွတ်မှု နဲ့ သြဇာသက်ရောက်မှုရှိဖို့ မလွယ်ဘူး။ ဒါကြောင့် နောက်အစိုးရသက်တမ်းမှာ ပြည်နယ် အစိုးရတွေကို တစ်ချို့ ကိစ္စတွေမှာ လုပ်ပိုင်ခွင့်အာဏာပိုပေးပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံကို သက်ဆိုင်ရာ ပြည်နယ် အစိုးရကို ဖြေရှင်းစေပြီး၊ ပြဿနာတွေ လွဲပေးနိုင်တယ်၊
g)2015 နောက်ပိုင်း လွှတ်တော် မှာ တိုင်းရင်းသားအားလုံးနဲ ဆိုင်တဲ့ decision မျိုး၊ အမျိုးသားရေးနဲ့ပါတ်သက်တဲ့ decision မျိုးကို အဖွဲ့အစည်းတွေကြား အပေးအယူ အလျော့အတင်း မလုပ်နိုင်ရင် vote နဲ့ဆုံးဖြတ်အဖြေရဖို့ နဲ့ ပြည်သူအများကြိုက် decision ဖြစ်ချင်မှဖြစ်လာနိုင် မယ်။
  ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ရဲ့ လွတ်တော် ကိုယ်စားလှယ်/အမတ် ကမှ ရာခိုင်နှန်း ၅၀ မကျော်နိုင် တဲ့ အခြေ အနေ မျိုးကြောင့် ပိုမိုပြီး ပြဿနာ အဖြေရှာဖို့ခက်လာ နိုင်တယ်လို့၊ ထင်မြင်ယူဆမိပါသည်

မှတ်ချက်။  " လာရောက် အားပေးသူ မိတ်ဆွေ အပေါင်းအား ပန်ကြားအပ်ပါသည်ခင်ဗျား  "
မိမိအမြင် မိမိအတွေးများ တွေးမိရာရာတွေးခြင်းဖြစ်၍ အမှားများ၊ အမြင်မတူခြင်းများရှိက သီးခံ comment ပေး ပြန်ဆွေးနွေးနိုင် ပါသည်။

No comments:

Post a Comment