စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, July 25, 2013

တိုင်းပြည်ကတော့မနုတော့ဘူး မုန်တိုင်းကတော့ ထန်နေတုန်းပဲ (မုန်တိုင်းမျက်စိတောင် မဖြတ်သေးဘူးထင်တယ်)



သြော်  ဒီမိုကရေစီနဲ့အညီ ဆိုပြီး 1962 နောက်ပိုင်း ရွေးကောက် တင်မြှောက်၍ ပထမဆုံးအကြိမ် တက်လာပါသည်ဆိုသော အစိုးရ၏ reform process ထဲက ဒီမိုကရေစီပြောင်းနေပါတယ်ဆိုတာ သိသာ မြင်သာအောင် ပြသသော အလုပ်တစ်ခုဖြစ်သည့် media လွတ်လပ်ခွင့်မူကြောင့်၊ issue တစ်ခုပေါ်လာတိုင်း ၊  Media သမားတွေက သတင်းရလိုခြင်း စာစောင်တွေမှာ ဆောင်းပါး သတင်းဦးတွေထဲ့လိုမှုတွေ၊ နဲ့အတူ  ထစ်ကနဲရှိရင်  နိုင်ငံရေး ပါတီ အသီးသီးကခေါင်းဆောင်တွေ ၊ အောင်မြင်နေတဲ့ လူမှုအဖွဲ့အစည်း အသီးသီးကခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့အစည်းအသီးနဲ့ အနုပညာအသိုင်းအဝိုင်းပါမကျန်  High profile persons တွေကို အဲဒီ Hot topic, issue တွေနဲ့ပါတ်သက်ပြီး သူတို့ရဲ့ခံယူချက် ယုံကြည်ချက်ကိုမေးတတ်ကြပါတယ်၊ အဲလိုမေးခွန်းမျိုးကိုကျနော့သူငယ်ချင်းက
အရက်ဝိုင်းမှာမေးလာခဲ့ရင်တော့၊ ရိုးရိုးသားသားဖြေရင်ဖြေမယ်၊ ပေါ့ပေါ့တန်တန်ဖြေရင်လဲဖြေမယ်၊ လိမ်ညာပြီးဖြေရင်လဲဖြေလိုက်မှပါဘဲ။
ဒါပေမဲ့ဒီမေးခွန်းကိုဘဲ Media သမားတွေ ဝိုင်းနေတဲ့ကြားမှာ အဲဒီသူငယ်ချင်းကဘဲမေးမေး တစ်ခြားတစ်ယောက်ကပဲ မေးမေး high profile သမားနေရာမှာထား မေးလာခဲ့ရင်တော့ ဒီမေးခွန်းရဲ့အဖြေဟာ နောက်မှာ အများကြီး သက်ရောက်မှုတွေပါလာနိုင်တယ်၊ အမျိုးသားရေးမညီညွတ်မှုကို ဦးတည်နိုင်တယ် ညီညွတ်မှုတွေပျက်ပြေသွားနိုင်တယ်၊ မဖြေဘဲနေရင်လဲ ဘယ်သူမှအကျိုးမယုတ်ဘူး၊ ကိုယ်လဲကျွမ်းကျင် တဲ့ field ကိုယ်လုပ်နေတဲ့ နယ်ပယ်လဲ မဟုတ်ရင် ၊ ကိုယ်လဲဝင်ဖြေရှင်းပေးနိုင်တဲ့ issue မျိုးမဟုတ်ရင် ဘာလို့ဒီမေးခွန်းမျိုးတွေဖြေဆိုနေမလဲ၊  ရှောင်ကွင်းလို့ရတယ်၊
အခုကတော့ High profile သမားတိုင်းက မေးတိုင်းလိုက်ဖြေတော့ issue တစ်ခုပေါ်လာတိုင်း ထောက်ခံတဲ့ High-profile သမားနဲ့ ကန့်ကွက်တဲ့ High profile သမားတွေရဲ့ ပြောဆိုချက်တွေကို  strength အဖြစ်သုံးပြီး တစ်နဲ့တစ်ဖက် အားအသာစီးယူကြယင်းနဲ့  1988 ထဲက ညီညွတ်ခဲ့ကြတဲ့ constitution တွေ အဖွဲ့ အစည်းအတွေဟာ တစ်ဦးအပေါ်တစ်ဦးဝေဖန်လာကြတာတွေဖြစ်လာကြတာတွေ့လာရပါတယ်၊ ခေါင်းဆောင်တွေ High profile တွေက လူတွေရဲ့ဝေဖန်မှုကိုခံနိုင်တယ်ဆိုပေမယ့် အောက်ခြေ ပြည်သူထောက်ခံသူတွေကြားမှာတော့ ကွဲကြဆဲကြပြဲကြ ဖြစ်လာရင်လဲ ဒါတွေဟာ သက်ဆိုင်ရာ institution တွေကို အနည်းအများထိခိုက်လာနိုင်မှုကနေ လူထုစည်းလုံးမှုအင်အားတွေ အားနည်းသွားနိုင်တာဟာ မကောင်းတဲ့လက္ခဏာပါ၊
ညီညွတ်ရေးကိုအောက်ခြေကစ တပင်လုံးလဲပြီးပျက်ပြား စေနိုင်ပါတယ် လို့အားအားယားတွေးနေမိပါတော့တယ်
ဒါကြောင့်မို့ တစ်ခါတစ်ရံ Media ဆိုသူများနှင့်တွေ့ဆုံသောအခါ တေမိဇါတ်တို့ဝစီပိတ် ကံတို့အား ဆောင်သင့်ကဆောင်ဖို့နဲ့ တခါတရံ တရုပ်လူမျိုးတွေရဲ့ Taichi  ခေါ်  အားပြောင်းအားလွဲပညာတို့၊ ဒါမှမဟုတ်ရင်လဲ  ၄င်းကောင်းပညာရပ်များကျွမ်းကျင်သော အဆက်ဆက်အဖွဲ့အစည်းမှ ရာထူးရာခံအမြန်ရလာကြသော သူများထံ မှ လေ့လာသင်ယူသင့်ပါသည်ဟု တိုက်တွန်း ချင်ပါသည် ။
ဟိုးတုန်း ဗြိတိသျ တွေကို တော်လှန်ဖို့ဆိုပြီး နိုင်ငံရေးခံယူချက် မတူတဲ့ အဖွဲ့အစည်းတွေဟာ အမျိုးသားရေးမို့ ဆိုပြီး၊ ကိုယ့်အဖွဲ့က နောက်ကျန်ခဲ့သည် မရှိအောင် တက်ကြွသူလူငယ် တစ်ယောက်စနှစ်ယောက်စစီ အားကျမခံ တော်လှန်ရေးအတွက် ဂျပန်မှာ စစ်ပညာသင်ရန်သွားရောက်ခဲ့ကြ အသက်ပေးစွန့်စား သွေးသောက်ပြီး တိုင်းပြည်အတွက် စွန့်လွှတ်ဝန့်ခဲ့ကြပါသည်ဟု ဖတ်မှတ်ခဲ့ရပါသည်၊၊ လွတ်လပ်ရေးရပြီးတဲ့အခါကျတော့ တိုင်းပြည်ပြန်လည်ထူထောင်ကြမယ်လဲလုပ်ရော နကိုယ်ထဲက ယုံကြည်နဲ့နိုင်ငံရေးခံယူချက်၊ ရည်မှန်းချက်မတူကြတဲ့ ပါတီအသီးသီး အဖွဲ့အစည်းအသီး ပုဂ္ဂိုလ် အသီးသီးတို့ဟာ ကိုယ့်ယုံကြည်ချက်ကိုယ်ပိုက် ပြီး ကွဲကြပြဲကြ တချို့က ရန်သူပမာဖြစ်တဲ့အထိ သွေးကွဲသွားခဲ့ကြတာကို ကြားဖူးဖတ်ဖူးခဲ့ရပါသည်၊၊ ဘယ်သူ့ဟာကမှန်တယ်တော့ မသိပါ ရလဒ်ကတော့ တိုင်းပြည်က ခုထိ နလန်မထူနိုင်သေးတဲ့အပြင်၊ ၁၉ ရာစု မှာဘဲနေရစ်ခဲ့တယ်လို့ပြောကြပါတယ် ၊ဒါပေမယ့် လူတွေရဲ့ စာရိတ္တကတော့ တော်တော်များကျနော်ပါအပါ 22ရာစု ရောက်နေပြီထင်ပါတယ်၊ 
အခုတစ်ခါ သမိုင်းတစ်ပတ်လည်ပြန်ပြီ ဆိုရမလားပဲ၊
 လွတ်လပ်ရေးတိုက်ပွဲတော့ မဟုတ်ဘူး၊ ဒီမိုကရေစီတိုက်ပွဲတဲ့၊ လူကြီးလူငယ်၊ ကျောင်သား နဲ့ လူထုလူတန်းစားပေါင်းစုံဟာ ခံယူချက် ယုံကြည်ချက် တွေဘေးချိတ်ပြီး အသက်တွေစွန့် ဘဝတွေစွန့် ကိုယ်ကျိုးစွန့်ပြီး ဒီမိုကရေစီရေးအမျိုးသားရေးအတွက် လုပ်ခဲ့ကြတာ၊ 1988 တစ်ခုထဲ မဟုတ်ဘူးထင်ပါတယ်၊ ခေတ်အဆက်ဆက်ပါ၊ ဟော ဒီမိုကရေစီ ပေးနေပြီဟေ့ လုပ်ကြကိုင်၊ လွတ်တော်ကိုယ်စားလှယ်တွေ အရွေးခံကြ၊ ပါတီတွေထောင်ကြ၊ အဖွဲ့အစည်းတွေ ဖွဲ့ကြ အော်ကြ ဟစ်ကြ ကွ လဲ ဖြစ်ရော၊ ကိုယ်ယုံကြည်တာက အမှန် ၊ ကိုယ့်ခြေလှမ်း ကိုယ်လုပ်တာ ကိုယ်ပြောတာကအမှန်၊ မင်းတို့လုပ်နေတာကအမှား၊ ဆိုပြီး ကိုယ့် ခံယူချက်ကို ပြန်ဦးစာပေးလာကြတာဟာ
ပါလီမန်ခေတ်လိုတော့ လက်နက်ကိုယ်စီနဲ့ ဖြေရှင်းကြတာမဟုတ်ဘဲ၊ On Line တွေကတဆင့်၊ Media တွေကတဆင့်ပဲ တိုက်ပွဲဆင်နွဲကြတာမို့၊ အသက်တွေ ဘဝတွေ မဆုံးရှုံးရပေမယ့် အမျိုးသားရေးသာထိခိုက်နစ်နာပြီး၊ လူဦးရေ သန်း ၅၀ ဈေးကွက်နဲ့ လုပ်စားခဲ့၊ လုပ်စားနေ၊ လုပ်စားဖို့စောင့်နေသူများမှာဖြင့် အကြိုက်တွေ့နေကြမှာပါ။

ဒီလို လေနဲ့ ပစ်နေကြတဲ့ အထဲမှာ ပြည်သူချစ်သော ပြည်သူကြိုက်သော ပြည်သူ့ခေါင်းဆောင်များ မပါစေချင်ပါ၊ ကိုယ့်ယုံကြည်မှုတစ်ခုအပေါ်မှာ အသေဆုတ်ကိုင်ပြီး  တိုက်ကြခိုက်ကြတာမျိုးမလုပ်စေချင်ပါ၊ မဲပြိုင်ဘက်လဲမဟုတ်ဘဲ၊ နေရာတိုင်းကိစ္စတိုင်းမှာ မေးတဲ့သူရှိတိုင်း ကိုယ်ထင်တာအမှန်ပဲ၊ ပြောရမှာပဲဆိုပြီးဝင်ပြောခြင်းမှရှောင်ကြည်ပြီး၊ ကိုယ်ရည်မှန်းချက် Objective အပေါ်မှာ Focus ထားပြီး ရည်မှန်းချက်ပန်းတိုင် အရင် ရောက်အောင် ကြိုးစားပါစို့လို့ တိုက်တွန်းရင်း၊

Tat86Bumi

No comments:

Post a Comment