စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, July 12, 2013

တံခါးဖွင့်မယ်ဆိုလဲ လေဝင်လေထွက်ကောင်းအောင် တစ်အိမ်လုံး ဖွင့်ပေးပါ အဘရယ်၊



  ကို့ Blog  မှာ ကိုယ့်ဟာကို Editor မရှိ ရေးရတာ ဆိုတော့ တွေးမိတာလေးတွေ နည်းနည်းလေးတော့ ချရေးအုံးမယ်ဗျာ၊ ကျနော့်စာတွေ က Academic မဖြစ်ပါဘူး၊ research paper မဟုတ်ပါဘူး၊ High profile လဲ မဟုတ်ပါဘူး ဘယ်အဖွဲ့အစည်းဝင်မှလဲမဟုတ်ပါဘူး၊ သာမန်ပြည်သူမို့ မဲ တချပ် ပေးခွင့်ရှိပေမဲ့လို့ 1965 မွေးကထဲကနေ 2013 ယခု အချိန်ထိ မဲ ဘယ်သူ့မှ မပေး ဘူးပါ၊  ကိုယ် ထင်မြင်တာ ကိုယ်တွေးမိတာတွေမို့၊ မကြိုက်လဲ မကြိုက်တဲ့အကြောင်းပြောသွား၍ရပါတယ်၊  ကျော်သွား ignore လုပ်သွား ဝေဖန် သွား လဲရပါတယ် ၊ ဆဲဆိုမှုများသာမလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။
ကျနော် တို့ ရင်ဆိုင်နေရတဲ့ အနောက်တံခါး ပြဿနာ ဟာ လက်ရှိအစိုးရလက်ထက်မှာ ထိထိရောက် ရောက် လုံခြုံစွာ မပိတ် နိုင်ခဲ့ရင်၊ လက်ဝယ် ပိုက်ထားရတဲ့ မဖိတ်ခေါ်ဘဲ လာတဲ့ ဧည့်သည်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ဆိုတဲ့ အဖြေကို လက်ရှိ အစိုးလက်ထက်မှာမထုတ် နိုင် ခဲ့ရင်၊ နောက် အစိုးလက်ထက် မှာ အဖြေရှာ နိုင်ပါ့မလား၊ အနောက်တံခါးကို ဟ ပေးထားခဲ့ပြီး၊ ဘယ်တိုင်းနဲ့ပြည်နယ် နှစ်ခုစပ်ကြားမှာမှမရှိတဲ့ .. immigration gate    ကို ရခိုင် ပြည်နယ်နဲ့ ပြည်မ ကြားမှာ ချထားပြီး အတွင်းစည်းကပဲ ခံပြီး ရခိုင်ပြည်က ဧည့်သည်သနားစရာတွေကို ရခိုင်ပြည်မှာ ပဲ စားကြသောက်ကြ များများမွေးကြ ဆိုသလိုမျိုး ရာစု နှစ် နီးပါးထားခဲ့ကြတာဟာ ဒီအခြေအနေထိရောက်လာခဲ့ပြီး၊ ကံကောင်းထောက်မစွာနဲ့  ရခိုင်ပြည်နယ်ရဲ့ လက်ရှိကာလ အခြေအနေဟာ ဆန်ရေ စပါး လုံလောက် အောင် ထွက်ရှိနေ သေးတဲ့ အခြေမို့လို့ ဒီနေ့ ဒီချိန်ထိ ဧည့်သည်ရော အိမ်ရှင်ပါ ဝမ်းတစ်ထွာကို ဖြည့် နိုင်ကြသေးတာဖြစ်ပြီး၊ ဧည့်သည်တွေက အကြိမ်ကြိမ် စော်ကားလာတာရယ်၊ ငါ့မြေငါ့ရေငါ့အိမ် လို့  ရွာ ရိုး ကိုး ပေါက် ရှောက်ပြောရုံ မက အိမ်ရှင်လည်ပင်း ဖြတ်တဲ့အထိ ဖြစ်လာပြီး ဘိုးဘွားဘီဘင် တွေရဲ့အမွေတွေပါ ထာဝရ ဆုံးရှုံးသွားမှာ စိုးလို့၊ ကိုယ့်နေရာ ကိုပြန် နေရာလု နေရတဲ့ပြဿနာမျိုးဘဲ ရှိသေးတယ်၊ 
လူဦးရေ ဖေါင်းပွမှုရယ် စိုက်ပျိုးလယ်မြေတွေက limit ဖြစ် နေတာရယ်၊ မြို့ကြီးတွေချဲ့ထွင်လာတာရယ်၊ country side မှာနေတဲ့ စိုက်ပျိုးရေး လုပ်ကိုင်တဲ့လူတွေ အခက်အခဲ အမျိုးမျိုး ကြောင့် မြို့ပြ မြို့ကြီးတွေကို Migrate လုပ်လာကြတာရယ်ကြောင့်  နောင် နှစ် သုံး လေး ဆယ် မှာ ကမ္ဘာမှာ စားနပ်ရိက္ခာ ရှားပါးလာနိုင်တယ်လို့ ကမ္ဘာမှာ ခန့်မှန်းနေကြသလို ၊ မြန်မာပြည်မှာ ဒီ process က ပိုပြီး အလျင်အမြန် ဖြစ်နေ တယ်လို့ ယူဆရတယ်၊
 ဒါကြောင့် နောင် နှစ် ၅၀ လောက် မှ ဒီဧည့်သည် နဲ့  အိမ်ရှင်နဲ့သာ ပြဿနာတက်ခဲ့ရင် အစာလုရတဲ့အဆင့်ပါ ရောက် ပိုမို ရက်စက်ကြတဲ့အဆင့်ရောက်နိုင်တယ်၊ 
အဲဒီအချိန်မှာ လူဦးရေ ပေါက်ဖွားနှန်းရယ် ကြောင့် ဧည့်သည် ဟာ အိမ်ရှင်ထက် နှစ်ဆ လောက် များနေခဲ့ရင်၊ 
လူ့အခွင့်အရေးဆိုတဲ့ လူတွေ လူယဉ်ကျေး လူကြင်နာ ဆိုတဲ့လူတွေ ဟာ အလွန်ဆုံး facebook ပေါ်က, online ပေါ်က၊ blog ပေါ်က ၊ စာစောင်ပေါ်က ပဲ ဝင်တိုက်ပေးနိုင်ကြမှာပါ သနားပါတယ်လို့ ပဲပြောရင်းနဲ့ အိမ်ရှင်က နေ အိမ်ပျောက်ဖြစ်သွားရမှာပါ။ 
 ပြည်မ ဖက်မှာ နေတဲ့ လူတွေ တော်တော်များများကတော့ အိမ်ရှင်ဆိုတာဘယ်သူ ဘာကိုးကွယ်တယ်၊ ဧည့်သည်ဆိုတာက ဘယ်သူ ဘာကိုးကွယ်တယ်ဆိုတာ စိတ်မဝင်စားကြရုံတင်မက ရန်ကုန်တက္ကသိုလ်လိုကျောင်းတော်ကြီးမှာတောင်၊
 ဟေ့လူ ခင်ဗျားက ကျုပ် တွေ့ဖူးတဲ့ ခင်ဗျားတို့ဒေသကအိမ်ရှင်နဲ့မတူပါလား၊ ဟိုအသားစားလား ဒီအသားစားလားဆိုတာ အမေးခံရတဲ့အပြင် အိမ်ရှင် ဧည့်သည် ပြောင်းပြန် မိတ်ဆက်ခံရတဲ့အဖြစ်တွေ ကိုယ်တိုင် ကြုံခဲ့ဖူးပါတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်း လွတ်လပ်စွာဝင်ခွင့်ရပြီး ပြည်မ မှာ နိုင်ငံသားဖြစ်လာကြတဲ့ အုပ်စု(A) နဲ့ နှစ်ပေါင်း လေး ငါးခြောက်ဆယ် အတွင်း နိုင်ငံ ရဲ့  အုပ်ချုပ်ရေး ယန္တာရား ကောင်းမွန်မှုမရှိ တဲ့အခြေအနေရယ်၊
 ခြစားမှုတွေနဲ့ပြည့်ပြီး မှတ်ပုံတင်တို့ passport တို့ ကို ပွဲစား နဲ့ ပေါက်ဈေးပေးပြီး အမြန်တောင်ထုတ်လို့ရနေခဲ့ချိန်မှာ၊
 နေ့စဉ်နဲ့အမျှ လမ်းအမျိုးမျိုးနဲ့  ဝင်လာပြီး၊ စာအုပ်ကိုင် ကဒ်ကိုင်အုပ်စု(B)  တွေကို ခွဲခြား မသိနိုင် တာ့ တာ၊ မခွဲခြား တတ်တော့တာ မဆန်းတော့မဆန်းပေမယ့်၊ ခံရသူ အိမ်ရှင် တို့မှာတော့၊ အခံခက်လှပါ တယ်၊ 
ကိုအုပ်ချုပ်သူတို့ ကိုပွင့်လင်းတို့ ကိုဒီ အန်တီ ဒီတို့ ရယ် တံခါးအကုန်လုံးကို သေသေချာချာလုံအောင် မပိတ်နိုင်ဘူးဆိုရင်လဲ၊  ဖွင့်မယ့်ဖွင့်ရင် အိမ် အနောက် အရှေ့ တစ်ခု ထဲမဟုတ်၊ အိမ်ခန်းတံခါးတွေပါ အကုန်လုံး ဖွင့်ပေးလိုက်ပါတော့လား၊( Rule of law တို့ , အုပ်ချုပ်ရေး တို့ 2015 နောက် ပိုင်းမှာ သိပ်ကောင်းတော့မှာလေ လူ့အခွင့်အရေး ဧည့်သည် အခွင့်ရေးပိုမိုကောင်းသွားတာပေါ့ )

ကျွန်တော့အနေနဲ့ဆို အမြန်ဆုံးလိုချင်နေတာကတော့ 
1) ခြံစည်းရိုးတံခါးတွေမြန်မြန်လုံခြုံရေး၊( ဘယ်တော့ရမယ်မသိတဲ့ Democracy, ဘယ်တော့ တက်မယ်မသိတဲ့ ဒီမို အစိုးရကိုစောင့်ပြီးလုပ်ရန် မဖြစ်တော့လို့ပါ)
2) ရှိနေတဲ့လူတွေက အိမ်ရှင်လား, အိမ်ရှင်နဲ့ ကောင်းတူဆိုးဘက်နေလာတဲ့ အိမ်ရှင်လက်ခံပြီးသားဧည့်သည်လား၊ ခြံစည်းရိုးဟနေလို့ အသာလေးဝင်လာတဲ့ဧည့်သည်လား၊ ပြတ်ပြတ်သားသား ကိုင်တွယ်ရေး

3)တရားဝင်တိတိကျကျပြတ်ြပတ်သားသား အထောက်အထားခိုင်ခိုင်လုံလုံနဲ့ နိုင်ငံသားအဖြစ် လက်ခံထားသော ဧည့်သည်ကနေနိုင်ငံ သား ဖြစ်ပြီးသား သူများကို နိုင်ငံတဝမ်း/အနှံ့ နိုင်ငံသားအားလုံး၏ အခွင့်အရေးအတိုင်း သွားလာနေထိုင်ခွင့်ပေးရေး၊
4)ပြည်နယ် နဲ့ ပြည်မ တန်းတူ တနိုင်ငံလုံး ဒီမိုကရေစီရေး (ပြောဆိုခွင့်တောင်းဆိုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ ရရှိပိုင်ခွင့်၊ ပြည်ပအန္တရာယ် ကာကွယ်ခွင့်)

မှတ်ချက်။  " လာရောက် အားပေးသူ မိတ်ဆွေ အပေါင်းအား ပန်ကြားအပ်ပါသည်ခင်ဗျား  "
မိမိအမြင် မိမိအတွေးများ တွေးမိရာရာတွေးခြင်းဖြစ်၍ အမှားများ၊ အမြင်မတူခြင်းများရှိက သီးခံ comment ပေး ပြန်ဆွေးနွေးနိုင် ပါသည်။

No comments:

Post a Comment