စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, July 25, 2013

Globalization တို့ Human Right တို့ကနေ free thinker သို့ (Globalization လား၊ Democratization လား၊ Reformation လား၊ Revolution လား၊ Evolution of Modern society လား)



 တစ်ချို့တစ်ချို့အော် နေသံကြားနေရတယ်၊ ကိုယ့်ယုံကြည်မှု ခိုင်မာရင် မျိုးစောင့်ဖို့ ဥပဒေ မလိုဘူးတဲ့၊ ကျနော်ကတော့ပြောလိုက်ချင်ပါတယ် တကမ္ဘာလုံး လူသားတွေ ရိုးသားကြ လူ့စိတ် လူ့ယဉ်ကျေးစိတ် နဲ့ လူ့စည်းကမ်းတွေရှိကြမယ်ဆိုယင်၊ UN တို့ Country တို့၊ Border တို့၊ currency တို့၊ citizen တို့ Aborigine တို့၊ Rule တို့၊ law တို့၊ Regulation တို့၊ Discipline တို့၊ Police တို့၊ Army တို့ Arms တို့ ဆိုတာလဲမလိုဘူး၊ ဘာလို့လိုတာလဲ၊ စည်းဖေါက်လို့ရရင် အကုန်လုံးစည်းဖေါက်ချင်သူတွေများလာမှစိုးလို့ တူရာတူရာ(နယ်မြေတူရင်တူမယ်၊ စကားတူရင်တူမယ်၊ လူမျိုးတူရင်တူမယ်၊ တစ်ဦးတစ်ယောက်၊တစ်စု၊တစ်မိသားစုက ပိုင်ဆိုင်ထားမှုကြောင့်ဖြစ်စေ နိုင်ငံတွေ နယ်နမိတ် တွေ မြို့ရွာတွေ ဥပဒေတွေနဲ့ အစိုးရတွေ အဖွဲ့အစည်း အသီးသီးတွေနဲ့ သီးခြားစီ ကိုယ့်စည်းသူ့စည်းဖြစ်လာကြတယ်၊ အဲလိုဘဲ ကျနော်တို့ ဗုဒ္ဓေါ ဘာသာမှာ ဘုရားရှင်လက်ထက်ကထဲက ရှိတဲ့ဝိနည်းဆိုတာရှိတယ် ဗုဒ္ဓေါဘာသာကို နှစ်နှစ်ကာကာ ယုံကြည်ပြီး နိဗ္မာန်ရောက် သစ္စာလေးပါးတရားကိုကျင့်ကြံနေမှတော့ ဘာလို့ ဝိနည်းတစ်ကာဝိနည်း ပြဌာန်းထားစရာလိုသလဲ၊ မလိုတော့ဘူး၊ ပထမဆုံးအကြီမ် သင်္ဂါယနာ တင်စရာလဲမလိုဘူး၊ အနစ်သာရသိနေ နစ်နစ်ကာကာယုံကြည်နေမှတော့ ဘာလို့ ဝိနည်းဆိုတာပြတမ်းနေစရာလိုတုံး၊  ဒီအတိုင်းဘဲ လူသားတွေဟာအတူတူဘဲ ကြိုက်သလိုနေလို့ရ ရမှာပေါ့၊ ဒီတော့ဘာလို့လိုလဲ၊ တကမ္ဘာလုံးမှာ ရိုးသားသူ နဲ့မရိုးသားသူတွေ နည်းမျိုးစုံနဲ့ နေထိုင်ကြတဲ့အတွက် ကိုယ့်အခွင့်အရေးတွေကို ကာကွယ်ကြဖို့ နည်းလမ်းမျိုးစုံသော ဥပဒေသတွေပေါ်ပေါက်ခဲ့ကြတာဖြစ်တယ် societies တွေကို upgrade လုပ်ဖို့လဲပါတယ်၊  တစ်ခါတစ်ရံမှာ ဥပဒေ တစ်ချို့ဟာ အများစုတွက်ကောင်းပြီး အနည်းစုအတွက်နစ်နာမှုတွေရှိသလို၊ အနည်းစုကိုကာကွယ်ဖို့အများစုကိုထိမ်းညှိရတဲ့ဥပဒေလဲရှိကြတာဘဲ၊ ဥပဒေ တိုင်းဟာဥပဒေ ထုတ်နိုင်တဲ့အာဏာ အင်အားရှိသူက လိုတယ်ထင်ပြီးထုတ်ကြတာဘဲ၊ ပြည်သူ သဘောမတူတဲ့ ဥပဒေလဲထုတ်ကြတာဘဲ၊
 ဥပမာတစ်ခုပြောရရင်၊ လမ်းဘဲ အမှိုက်ပစ်တာ၊ ဟိုနိုင်ငံမှာ ကျ fine ပေး၊ ဒီနိုင်ငံကျတော့ ပြဿနာမရှိဘူး၊ ကျုပ်တို့နိုင်ငံမှာ ခွေး တွေကြိုက်သလို လမ်းဘဲချီးပါလို့ရပြီး၊ ဟိုနိုင်ငံကျတော့ ခွေးပိုင်ရှင်က နောက်က တစ်ကောက်လိုက်ကျုံး အိတ်ထဲထည့် ၊ အမှိုက်ပုံးထဲထည့်နေကြရပါလား၊ လူ့အခွင့်အရေးဆုံးရှုံးနေရပါလား၊ ခွေးက သူ့ဖါသာသူ ပါချင်တဲ့နေရာပါတာကို၊ လူက ကျုံးပေးရမယ်လို့၊ မတရားလိုက်တာ၊ လူ့အခွင့်အရေးချိုးဖေါက်တာလို့ စောဒကတက်လို့မရနိုင်ပါဘူး။
သူ့နိုင်ငံနဲ့သူ့အဖွဲ့အစည်းနဲ့ သူ့ သတ်မှတ်ချက် Standard နဲ့သူရှိတာကို လေးစားလိုက်နာကြရမှာပဲ၊
ဟိုး ကိုလိုနီခေတ်က အုပ်ချုပ်သူ အင်္ဂလိပ်စစ်တပ်က ရွှေတိဂုံဘုရားပေါ်စစ်ဖိနပ်စီးပြီးတတ်တာဟာ မကောင်းတဲ့အကြောင်း မြန်မာ့သမိုင်းမှာအခါခါသင်ခဲ့ဘူးတယ်။ ဟော စစ်အစိုးရလက်ထက်ရောက်တော့ လုံခြုံးရေးအခြေအနေမို့ဆိုပြီးမြန်မာစစ်တပ်ကိုယ်တိုင်တက်တော့ ပြောခွင့်လဲမရှိတဲ့အပြင် မြန်မာ့သမိုင်းပါ အထက မှာမသင်တော့ဘူး။ နောက်တန်းအေးချမ်းနယ်မြေတစ်ခုမှာ တစ်အသစ်တွေချပြီး နေစရာအဆောက်အဦးတွေမလုံလောက်သေးတော့ ဘုန်းကြီးကျောင်းဝင်းထဲ ဆရာတော်ကိုလျောက်ထားပြီးနေတယ်၊ စစ်ဖိနပ်စီးဝင်ထွက်နေကြသလို၊ သာမန်အချိန်တွေမှာလဲခြေညှပ်ဖိနပ်နဲ့သွားလာနေကြတာ ကိုယ်တိုင်တွေ့ဘူးတယ်။ သူတို့က ဆရာတော်ကိုလျောက်ထားပြီးသားမို့စီးတယ်ဆိုပြီးအကြောင်းပြတယ်၊ ဘုရားပရဝုဏ်မှာ ဖိနပ်ချွတ်တယ်ဆိုတာ ရိုသေကိုင်းရှိုင်းမှုပါ၊ ဆရာတော်ကိုလျောက်ထားပြီးစီးကြမယ်ဆိုရင် ဘယ်ဆရာတော်မှမစီးနဲ့တားမှာမဟုတ်ဘူး ဒါက ဘာသာတရားနဲ့ပါတ်သက်တဲ့ respect ပေးတာ လေးစားမှုပေးတာ ကိုင်းရှိုင်းမှုပေးတာသာဖြစ်တယ် ၊ ကိုယ့်လူမျိုးကိုယ်ဘာသာဝင်ကိုယ်တိုင် ကိုယ်ဘာသာတရားနဲ့ သာဿ့နိကအဆောက်အအုံတွေကို လေးစားတန်ဖိုးထားဂါရဝပြုမှုမရှိရင် ဘယ်ကျန်ဘာသာဝင်က တန်ဖိုးထားတလေးတစားရှိတော့မှာလဲ၊ သူတို့ကလဲ ဒီကလူတွေလုပ်သလို လိုက်လုပ်တော့မှာပေါ့၊
ကျနော် တို့ရဲ့ ဗုဒ္ဓ ဘာသာဟာလဲ၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်တဲ့သူကို ဗုဒ္ဓ ဘာသာဝင်လို့ ဆိုကြပေမယ့်၊ မိဘဘိုးဘွားမို့၊ မွေးလာပြီး ၁၂နှစ်ပြည့် မှတ်ပုံတင်လုပ်သလို ဗုဒ္ဓဘာသာဝင်လို့ အလွယ်တစ်ကူဖြစ်လာကြပြီး၊ တကယ်ကျင့်ကြံပြီးမှယုံလို့ ဘုရားဟောတရားရှိပေမယ့် ဒီနဲ့ဒီချိန်ခါမှာ ကျင့်ကြံပြီးမှ ယုံတယ့်လူကနည်းသွားပြီ ၊ ရတနာသုံးပါကိုယုံကြည်ပါတယ်ပြော သရဏဂုံသုံးပါးကို နေ့တိုင်းဆိုပြီး ဗုဒ္ဓဘာသာပြောနေပေမယ့်၊ ဒီ မျိုးစောင့်ဥပဒေ ကို ဆန့်ကျင်နေကြတာဟာ ၊ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်လို့ ပြောထားတာသာဖြစ်ပြီး တကယ် ဆည်းကပ်သူ ယုံကြည်သူမဖြစ်နိုင်ဘူး။ သူတို့တွေဟာ တစ်ခြားဘာသာဝင်သာမဟုတ်ဘူးဆိုလျင်ဖြင့် ၊ နိုင်ငံတကာက new generation တွေကြားထဲမှာ ပွားများလာတဲ့ ဘာသာတရားဆိုတာဘဝမှာ ဘာမှ ဦီးစားပေးစရာ အရာတစ်ခုလို့ မထင်ကြတဲ့ free thinker အုပ်စုတွေ ဘဲ ဖြစ်မှာပါ။
   ဗုဒ္ဓဘာသာဟာ ဘာသာထဲကို အသစ်သစ်တွေ ဝင်လာဖို့ mission လွှတ်ပြီး စေလွှတ်တာတို့ အတင်းစည်းရုံးဝင်ခိုင်းတာတို့  မရှိတည့် အပြင်၊ ရှိပြီးသားဘာသာဝင်တွေကိုတောင် မလုပ်မနေရ မသွားမနေရ ဘာမလုပ်ရ ညာမလုပ်ရဆိုပြီး ဘာသာရေးဥပဒေနဲ့ ဆိုပြီး ဘာသာဝင်တွေကို တားမြစ်ထားတာမျိုးတွေမလုပ်တဲ့အတွက် ကိုယ့်ဘာသာဝင်လို့ ဆိုတဲ့ လူတွေ တောင် အလေးမထား ပမာမခန့်  ကြိုက်သလိုပြုမှုနေထိုင် ပြောဆိုလာကြတာတွေဟာ ဝမ်းနည်းစရာကောင်းသလို ဘာသာတည်တန့်ရေးအတွက်စိုးရီမ်စရာလဲ ကောင်းလှပါတယ်၊ ဘုရားသားတော် သဃာင်္တွေအတွက် လိုက်နာရန် ဝိနည်း ရှိပေမယ့် ဘာသာဝင်တကာတကာမတွေအတွက်တော့ ဆောက်တည်လည်းကိုယ့်အတွက် မဆောက်တည်လည်း ကိုယ့်အတွက် သာ အကျိုးအကြောင်း ဖြစ်စေမယ့် သီလသမာဓီနဲ့ပဲထိမ်းကျောင်းပေးထားပါတယ်၊ ဘာသာတည်တန့်ရေး အတွက် တရားပွဲတွေ၊ ဝိပဿနာ စခန်းတွေများများ လိုအပ်သလို၊ ဘာသာဝင်များအတွက်လဲ စည်းနဲ့ ကမ်းနဲ့ အပြင် တန်ဖိုးထားတတ်ဖို့ အတွက် မျိုးစောင့်ဥပဒေကို တကာတကာမ ဗုဒ္ဓဘာသာဝင်တွေ အားလုံးအတွက်ပိုပြီးကျယ်ကျယ် ပြန့်ပြန့်တောင် ပြဌာန်းသင့်ပါကြောင်း ထင်မြင်ယူဆမိပါသည်။
ဒါဟာ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲမို့လို့၊ ဗုဒ္ဓဘာသာယုံကြည်သူများနင့်သာ သက်ဆိုင်မည်ဖြစ်သဖြင့်၊ မည်သည့်ဘာသာများအား မှလည်း ထိခိုက်စေမည်မထင်ပါ၊ အဆိုပါ သတ်မှတ်ထုတ်ပြန်သော စည်းမျည်းဥပဒေများအားမကြိုက် မနှစ်သက်၍ ဘာသာယုံကြည်မှုပြောင်းသွားခဲ့ပါကလဲ ပြောင်းသွားသောဘာသာအတွက် ဘာသာဝင်တစ်ယောက် တိုးလာခွင့် ရပေလိမ့်မည်။
ဒီလိုမှ မဟုတ်ရင် ကျနော်တို့ဗမာပြည်မှာ Nudist society တို့၊ Bi-Sexual, Homosexual တွေ တရားဝင်လက်ခံပြီး လိင်တူချင်းလက်ထပ်ခွင့်ခလေးမွေးခွင့်၊ incest case တွေပါလက်ခံနိုင်မလား ၊ ဒါတွေကော လက်ခံနိုင်သလား Human right ပဲ ဥစ္စာ ရှိရမှာပေါ့ လို့ လက်ခံနိုင်မလား ကျုပ်တို့ ဒါတွေအတွက် အဆင်သင့် ဖြစ်ကြပြီလား  ကျုပ်တို့ society ဒီအထိပွင့်လင်းကြပြီလား လူငယ်တွေကြားထဲမှာ freethinker လို ဟာမျိုးတွေ globalization နဲ့အတူ ပြန့်ပွားလာသလို တစ်ခြားယုံကြည်မှုတွေလဲ မှိုလိုပြန့်ပွားလာကြတာမို့ ၊ မှိုဆိုတဲ့ရောဂါဟာလဲ ကုသရခက်ပြီးကာကွယ် ပြင်ဆင်တာကပိုထိရောက်တယ်လို့ ကြားဖူးပါတယ်၊ ဘယ် ဘာသာကမှခွင့်မပြုလို့လိုဆင်ခြေမပေးနဲ့ ခင်ဗျားတို့ရဲ့စကားအတိုင်း သက်ဆိုင်ရာဘာသာဝင်တွေ အသီးသီးက သူတို့ယုံကြည်မှုနဲ့သူတို့ ယုံကြည်မှုပြင်းထန်နေရင် ပူစရာမလိုဘူး သားတွေ မြေးတွေ အဲလိုဖြစ်အောင် စည်းရုံးနေတာလည်း ပူပန်နေစရာမဟုတ်ဘူး၊ Freethinker , Nazism  ဖြစ်လာကြမှာ, ဘာမှမပူကြနဲ့ ပူစရာမလိုဘူးလေ media window ဖြစ်လာတဲ့ကမ္ဘာကြီးမှာ သူများပြောတဲ့ Globalization တို့ Human Right တို့ ဆိုတဲ့စကားတွင်တွင် နေရာတစ်ကာ sector တစ်ကာ field တစ်ကာ မှာသုံးချင်တဲ့ ခင်ဗျား တို့  တွေကြောင့် မြန်မာပြည်ကြီး နဲ့ ဗုဒ္ဓဘာသာ ရာဇဝင်မှာကျန်ရစ်ခဲ့မှာစိုးရိမ်မိပါတယ်၊ 

Tat86 Bumi

No comments:

Post a Comment