စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Saturday, July 12, 2014

စကာင်္ပူမြန်မာနှင့် လူဝင်မှုကြီးကြပ်ရေးပေါ်လစီ



စကာင်္ပူနိုင်ငံဟာ လွတ်လပ်ရေးမရခင်ကတည်းက၊ အာရှတစ်ခွင်က
လူမျိုးနှင့်လူတန်းစားပေါင်းစုံ လာရောက်အခြေချကြယင်းဖြင့်
၁၉၆၅ ခုနှစ်  မလေးရှားမှ ခွဲထွက်ပြီနောက်ပိုင်းမှာလည်း၊
အဓိက အခြေချနေထိုင်ကြသည့် လူမျိုးစုကြီးများဖြစ်ကြသည့်
မလေးလူမျိုး၊ တရုတ်လူမျိုး၊အိန္ဒိယလူမျိုး[တမီလ်၊ဟိန်ဒီ၊ပန်ဂျာပီ(ဆစ်)
ဂေါ်ရခါး(နီပေါလိစ်)] နှင့် လူနည်းစုတခြားလူမျိုးအချို့ နှင့်စတင်ခဲ့ရာတွင်၊
နိုင်ငံသားမှတ်ပုံတင်အား ထိုအချိန်တုန်းက
သီတင်းကျွတ်ဆွမ်းတော်ကြီးလောင်းသကဲ့သို့
လိုချင်သည့်သူအား ဝင်ရောက်တန်းစီခိုင်း၍
ထုတ်ပေးသည်ဟု ထိုအချိန်ကထည်းက
စကာင်္ပူရိယန်ဖြစ်လာခဲ့သောမြန်မာအဖွားကြီး တစ်ဦး၏
 ပြောပြမှုအရ သိခဲ့ဖူးပါသည်၊။

ထိုနောက်ပိုင်း Generation များကိုမူ တိုင်းပြည်တိုးတက်လာသည်နှင့်အမျှ
 နိုင်ငံသားကဒ်အသစ်ထုတ်ပေးမှု၊ နိုင်ငံသားဖြစ်ခွင့်ပေးမှုတို့အား
အစိုးရ၏ နိုင်ငံရေး စီးပွါးရေး လူမှုရေး ပေါ်လစီ အရ
လိုအပ်မှု မလိုအပ်မှုအပေါ်မူတည်ကာ
အလျော့အတင်းလုပ်ရင်း တရားဝင် Migrate လုပ်လိုသူများအား
ထိန်းချုပ်ခဲ့သလို၊
တရားမဝင် ဝင်ရောက်နေထိုင်ကြသူများ၊
တရားဝင် ယာယီဗီဇာဖြင့်ဝင်ရောက်လာပြီး
overstay အဖြစ်နေထိုင်ကာ
တရားမဝင်အလုပ်လုပ်နေထိုင်ကြသူများအတွက်လည်း
နှစ်ဘယ်လောက်နေနေ တရားဖြစ်ခွင့်မရှိအောင်ဥပဒေ များ၊
 ပေါ်လစီများနှင့်ထိန်းသိမ်ထားသလို၊၊
တရားမဝင်နေထိုင်သူများအား အလုပ်ရှင်များမှ
 ဈေးပေါပေါ၊ အာမခံဘိုး၊ ပေးစရာမလို၊
အလုပ်သမားအက်ဥပဒေအရ ပေးရ တာဝန်ယူရမှုများမရှိသည့်
၎င်းနိုင်ငံခြားသားအလုပ်သမားများ ငှားရမ်းအသုံးချမှုများ အားတိုက်ဖျက်ရန်
အလုပ်ရှင် များအား ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်လာခြင်း၊
အပြင် အရေးကြီးသော ထိရောက်သော ထိန်းချုပ်မှုတစ်ခု ဖြစ်သည့်၊
ထိုတရားမဝင်လာရောက်သည့်သူများ နေထိုင် အိပ်စက်ရန်
 နေရာထိုင်ခင်းစီစဉ်ပေးသည့်
အိမ်ရှင်အဖြစ်လက်ခံထားသူများအား
 ပြင်းထန်စွာ အရေးယူမည့် ဥပဒေ များကိုပါ
ထပ်မံတင်းကျပ်ခြင်းများအား ဆောင်ရွက်ကာ
တရားမဝင် ဝင်ရောက်သူများ
နည်းပါးသွားရန်ဆောင်ရွက်ရာ အောင်မြင်ထိရောက်ကြောင်း
၉၀ လွန် ကာလများမှနေ
ယခုအချိန် ၂၀၁၀ လွန်ကာလ တရားမဝင်နိုင်ငံခြားသား
မရှိသလောက်ဖြစ်သွားသည်ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပေသည်။

၎င်းအပြင် ပတ်ဝန်းကျင် တတိယနိုင်ငံများ နှင့် အရှေ့ဥရောပ နိုင်ငံအချို့မှ
တရားဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ကြရာတွင်လည်း၊
ဘွဲ့၊ ဒီဂရီလက်မှတ် အတုသုံးစွဲမှုများအားလည်း ဥပဒေ စီမံချက်များဖြင့်
ထိရောက်စွာတားဆီးနိုင်ခဲ့ခြင်းအားတွေ့ရှိရပါသည်။

ကိုယ်တွေ့တစ်ချို့ပြောပြရသော်
ကျနော်ရောက်ခါစ ကာလများတွင် မြန်မာပြည်မှ  EP / Work Permit များဖြင့်
လာရောက်လုပ်ကိုင်နေသူများသည် လူနည်းစုဖြစ်နေ၍
 တရားမဝင်နေထိုင်သူများကသာ
လူများစုဖြစ်နေကာ၊
တရားမဝင် သမား ငှားထားသည့် အိမ်တွင် EP/WP သမားများလည်း
အခန်းငှား ကုတင်ငှားနေပြီးရောနှောနေကြသလို
 EP/WP သမားများ ငှားထားသည့် အိမ်တွင်
တရားမဝင် သမားများကလည်း
အခန်းငှား ကုတင်ငှားနေပြီးရောနှောနေကြသည်ကို
 နေရာတစ်ကာ တွေ့နိုင်ခဲ့ပါသည်။

တရားမဝင် Passport ကပ်ခွာ၊ စာရွက်လဲ၊
လက်မှတ်တု ဘွဲ့တု လုပ်ပေးသူ၊
မူးယစ်ဆေး(ချောင်းဆိုးဆေး) အိမ်ငှားဖွင့်စားသူ တရားမဝင်အချို့မှာ
ဝင်ငွေအလျှံပယ်၍ ဂန်စတားကြီးများလို
တပည့်ကျော်များဝိုင်းဝိုင်းလည်နှင့်တွေ့ကြရပြီး၊

EP workpass ကိုင်ဆောင်သူ Single သမား(လူပျိုလဲပါ၊ လူအိုလဲ ပါရဲ့)
အချို့ကလဲ Dependent pass က လေးရောင်းလို့
အပိုဝင်ငွေရှာ အလုပ်လေးတွေဖြစ်၊
မဟုတ်တာတွေများများလာ တော့ အပုတ်တွေပေါ်
 အရေးယူတာခံကြရလေတော့
၉၀ အလယ်နဲ့ နှောင်းပိုင်းတွေမှာ
အမှန်သမားအချို့ပါ ရောကောသောကောတွေ
ခံစားကြရတော့တာပေါ့ဗျာ၊

ထိုသို့ တဖက်မှာ တရားမဝင်
ဝင်ရာက်မှုများအား ထိန်းသိမ်းရင်း
အခြား တစ်ဖက်တွင်လည်း
တိုင်းပြည်ထူထောင်တိုးတက်လာမှုနှင့်အညီ
တောင်းဆိုလာသည့် လိုအပ်ချက်များဖြစ်သည့်
အလုပ်သမားမလုံလောက်မှု၊
ကျွမ်းကျင်သူ မလုံလောက်မှု
ပညာရှင် မလုံလောက်မှု များအား  ဖြေရှင်းနိုင်ရန်၊
Workpass အမျိုးအစားနှင့်လိုအပ်သည့်ဥပဒေ၊
သက်မှတ်ပြဌာန်းချက် များကို
 ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

နိုင်ငံခြား အလုပ်သမားများ ငှားရမ်းရန်
skill/quality လိုအပ်ချက်၊
စီမံကိန်းအကြီးအသေး တို့  ပေါ်မူတည်၍
 ဒေသခံ နှင့် နိုင်ငံခြားသား Quota သို့မဟုတ်
Man/year ရရှိမှသာ ငှားရန်းခွင့်ပြုခြင်း၊၊

Technician အဆင့်အဖြစ်သတ်မှတ်သည့်
S-pass အမျိုးအစားနှင့် အလုပ်သမား ခန့်ထားရန်အတွက် တို့လည်း၊
ဒေသခံဝန်ထမ်း နှင့် နိုင်ငံခြားသားခန့်ထားမှုအနေအထား
လုပ်ငန်းအကြီးအသေးတို့ပေါ်တွင်မူတည်၍
အရေအတွက်အား ကန့်သတ်ထိန်းချုပ်၍  ခွင့်ပြု ခြင်း၊

ပညာရှင်များအတွက်ဟု သတ်မှတ်ထားသည့်
EP (Employment Pass) အမျိုးအစားအားလည်း
Q2, Q1, P2 , P1 ဟူ၍ လစာ ရာထူးနှင့် qualification
 ပေါ်မူတည်၍  ခွဲခြားသတ်မှတ်ကာ
လာရောက်လုပ်ကိုင်နိုင်ရန် ပြင်ဆင်စီစဉ်ပေးခဲ့ပါသည်၊။
( ခြွင်းချက် -  မိမိစီမံကိန်းမှ ဘာလက်မှတ်မှ
မရှိသည့် ဂျပန် ဖိုမန် တစ်ယောက်ကိုတော့
P1 pass ချပေးတာ ကြုံဖူးပါသည်
special ခံစားခွင့်ဟုသာမှတ်ယူပါသည်)

၎င်းအပြင် စီပွါးရေး ပြန်လည်နလန်ထူရန် ကြိုးစားသော
၂၀၀၀ လွန် အစောပိုင်းကာလများတွင် ကျဆင်းနေသော
properties ဈေးကွက်
လူဦးရေကျဆင်းလာမည့် နမိတ်နှင့်
Capital asset အားကောင်းလာဖို့

တချိန်က စကာင်္ပူ မှရရှိသည့် ဒီပလိုမာ၊ ဘွဲ့တစ်ခုခု
ဒါမှမဟုတ် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရမှသာ
 လျောက်ထားရန်အခွင့်သာသော
PR လျောက်ထားခွင့်၊
 နိုင်ငံသား လျောက်ထားခွင့် များ
ပိုမိုမြန်ဆန်လွယ်ကူလာစေကာ၊
ပိုမိုများပြားစွာ အလုံးအရင်းဖြင့်
အသိအမှတ်ပြုပေးတာကို
တွေ့လာရပါသည်၊။

၂၀၁၀ လောက်ထိ ထိုပေါ်လစီနှင့်လုပ်ဆောင်မှုများ
မှန်ကန်သည်ထင်ရပြီး ထိုလုပ်ဆောင်မှုများကြောင့်
နိုင်ငံခြားသားဝင်ရောက်နေထိုင်မှုများပြား လာသလို
PR  နှင့် နိုင်ငံသားခံယူသူများပြားလာ၍
properties အရောင်းအငှား ဈေးကွက် ထိုးတက်လာမှု၊
ကုန်းဈေးနှန်းမြင့်မားလာမှု
တတိယနိုင်ငံများမှ အလုပ်သမား၊ ကျွမ်းကျင်သူ၊
တတ်သိပညာရှင်နှင့် သူတို့၏ အစွယ်အပွါး
လူတန်းစားပေါင်းစုံ ပေါများလာမှု တို့ကြောင့်
ဒေသခံ နိုင်ငံသားများနှင့် ပထမ, ဒုတိယမျိုးဆက် နိုင်ငံသားများ၏
 နေ့တစ်ဒူဝ လှုပ်ရှားနေထိုင်သည့်
လူမှု ဝန်းကျင်အပေါ် အနည်းနဲ့အများ
တိုက်ရိုက်သော်လည်းကောင်း၊
သွယ်ဝိုက်၍သော်လည်းကောင်း
သက်ရောက်မှုရှိလာရာ --
အစဦးပိုင်းကာလများတွင်
ပွင့်လင်းလူ့အဖွဲ့အစည်း တစ်ခု
အဖြစ် ခံယူထားကြသူများဖြစ်သဖြင့်
 ပြစ်တင်ဝေဖန်မှု နည်းကြသော်လည်း၊
နိုင်ငံခြားသားများ၏ စည်းကမ်းဥပဒေ
 ဖေါက်ဖျက်မှုများပြားလာခြင်းနှင့်
Criminal case များပြားလာခြင်းတို့ကြောင့်၊
City-state  ဖြစ်သည့်ဤနိုင်ငံကျဉ်းကျဉ်းကလေးနှင့်
Social media ခေတ်တွင်၊
ဒေသခံတို့၏ ခံစားချက်များ၊နိုင်ငံခြားသားနှင့်
 ပြိုင်ဆိုင်ရမှုများ၊ အခက်အခဲများ ပွင့်အာလာသည့်
အသံပလံများတစ်ဖြည်းဖြည်းကျယ်လောင်လာသည်ကို
online forum များ၊
စာမျက်နှာများ၊ ဘလော့များ၊ Social media များမှ
တစ်ဆင့်ကြားလာရသည့်အခါ၊
 နောက်ထပ် လူဦးရေ ၇သန်းထိ တိုးထားမည့်
အစိုးရ၏ နောက်ဆုံးအစီအစဉ်အားခဏရပ်ဆိုင်း၍၊
နိုင်ငံခြားသားများ အား PR , Citizen ချထားပေးမှု
တို့အားပြန်လည်တင်းကျပ်လာတာ တွေ့မြင်လာရသလို၊
နိုင်ငံခြားသား၊ PR နှင့် နိုင်ငံသား ပညာရေး၊ ကျမ်းမာရေး၊
 လူမှုရေး ခံစားခွင့်များ ပိုမိုကွာခြားကြောင်းပြသနိုင်ရန်
 နိုင်ငံခြားသားနှင့် PR တို့အပေါ် ကောက်ခံသည့်
ပညာရေးဈေးနှန်းများမြှင့်တင်လိုက်  ခြင်း၊

အိမ်ဈေးများပြန်လည်ငြိမ်သက် ကျဆင်းစေရန်၊
Stamp fee များနကိုယ်ထက် အဆမတန်တိုးစေ၍
အိမ်ဈေးကျစေရန်ကြိုးစားယင်း၊
အစိုးရဝင်ငွေကောင်းစေခဲ့ပါသည်။

ကျွမ်းကျင်သူနှင့်ပညာရှင်များအား ဒေသအတွင်းမှ
 talents များအားဆွဲဆောင်ကာ
ရေရှည်အသုံးချနိုင်ရန်နှင့် ဗြိတိန်ကဲ့သို့
ပညာရေးဖြင့်နိုင်ငံခြားဝင်ငွေရရှိစေရန်ပါ
ရည်ရွယ်၍
ပုဂ္ဂလိက၊ ဖက်စပ်နှင့် အစိုးရပိုင် မူလတန်း၊ အလယ်တန်း၊
အထက်တန်း၊ ကောလိပ်၊ ဒီပလိုမာ၊ တက္ကသိုလ်များအားတိုးချဲ့၍
နိုင်ငံခြားကျောင်းသားများပိုမိုလက်ခံကာ၊
ဝင်ငွေကောင်းစေခဲ့သော်လည်း၊
ယခင်ကဲ့ ဘွဲ့ရ၊ ဒီပလိုမရ နိုင်ငံခြား ကျောင်းသား/သူများအားလည်း
အလွယ်တစ်ကူ PR မချပေးတော့ဘဲ၊
အလုပ်ရှာဖွယ်၍ အဆင်ပြေမှသာ S-pass, EP တို့သာ
 လျောက်ခွင့်ပေးပါတော့သည်။

မည်သို့ပင်ဆိုစေကာမူ အထက်ဖေါ်ပြပါ
လုပ်ဆောင်မှုများအားလုံးသည်
တရားဝင်၊ တရားမဝင် လာရောက်ကြသည့် နိုင်ငံခြားသားတိုင်း
အစိုးရ၏ ဥပဒေ နှင့် ပေါ်လစီ လက်တန်အောက်တွင်
Under control ဖြစ်နေစေရန် ထိန်းချုပ်မှုများပင် မဟုတ်ပေလော။

စကာင်္ပူသည် နိုင်ငံသေးသေးဖြစ်၍ ထိန်းချုပ်လွယ်သော်လည်း၊
တရားမဝင်လမ်းမျိုးစုံမှ ခိုးဝင်မှုများရှိနေသို၊
မလေးရှား၊ ထိုင်းတို့တွင်လည်း မြန်မာလူမျိုး အင်ဒိုနီရှားလူမျိုး
တရားမဝင်နေထိုင်သူ အများအပြားရှိကြပါသည်။
ထိုနိုင်ငံများတွင်လည်း၊ ရဲများ၊ လဝက များ၊
အကောက်ခွန်များ လဒ်စားကြသည်ပင်၊
မည်သို့ပင် လာပ်စားကြစေကာမူ၊ တဒင်္ဂ
လွတ်မြောက်စေမှုအတွက်သာ လာပ်ပေးနိုင်ကြပြီး၊
တရားမဝင် နိုင်ငံခြားသားအများအပြား
တသက်တာနေထိုင်ရန်နှင့် IC , Passport သုံးလေးခုအစစ်
 လျောက်ထားခွင့်ရကာ
 နိုင်ငံတစ်ကာလျောက်လည်ခွင့်ရသည် အထိ
လာပ်စားခွင့်ရကြသည်
လာပ်စားကြသည် ဟု မကြားဖူးသလို၊ ရှိမည်လည်းမထင်ပါ။

မြန်မာပြည်၏ နိုင်ငံသားဖြစ်မှု ဥပဒေ ထက်
 IC နှင့် Passport ထုထ်ပေးသည့် လုပ်ပိုင်ခွင့် တာဝန်ယူမှု
နည်းဥပဒေ၊ နည်းစံနစ်၊ ပြစ်ဒဏ်ပေးမှု စသည့်
တစ်ခုခု မှားယွင်းနေပြီဟု ယူဆပါသည်။
တရားမဝင် ဝင်ရောက်လာသူအား ပြစ်ဒဏ်ပေးမှု အိမ်ရှင်အဖြစ်
လက်ခံထားရှိမှုတို့အားလည်း ပြစ်ဒဏ်များထိရောက်စွာ
 ပြင်ဆင်သင့်ပြီဟု ယူဆပါသည်။

ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာဖြင့်ကြည့်လျင်လည်း လွန်ခဲ့သော
နှစ် ၅၀ နှင့် နှိင်းယှဉ်လျင် လူဦးရေ တစ်ဝက်ကျော်တိုးပွါး၍
ကမ္ဘာကြီး ပိုမိုပြိုင်ဆိုင်ရမှုများ
ပိုပိုလာသောအခက်အခဲများနှင့်ရင်ဆိုင်နေရချိန်တွင်
မြန်မာနိုင်ငံသည်လည်း အဖက်ဖက်မှနိမ့်ကျနေပြီး
ပြည်သူများနိုင်ငံရေးဒုက္ခ၊ စီးပွါးရေးဒုက္ခ၊ လှုမှုရေး ဒုက္ခ၊ ဝန်များ
သယ်ဆောင်ထားရကြရသည့်အပြင်
လူဦးရေအထူထပ်ဆုံး၊ အပေါက်ကွဲဆုံးနှင့်
အများဆုံးနိုင်ငံများနှင့်ထိစပ်နေသည်မို့
ထိုနိုင်ငံများမှ ဖိတ်စင်ကျလာသည့်
လူများခုန်ကျော်ဝင်ရောက်လာမှု၊တရားဝင်၊တရားမဝင်
 နိုင်ငံသားဖြစ်လာမှုကို
ပြည်သူပြည်သားနှင့်၊ အစိုးရ၊ အစိုးရ ဝန်ထမ်းများပါ၊
ပညာသိဖြင့် သိသည့် အသိဖြင့်
တရားဥပဒေ ကျားကွက်ထဲက
ဝိုင်းဝန်းစွာ ပူပေါင်း မလုပ်ဆောင်ကြဘဲ၊
အကြမ်းဖက်လိုက်၊ တစ်ဦးကို တစ်ဦး
လက်ညိုးထိုးကြလိုက်သာ၊
တို့ပြည်ကတော့ ထိုးသားမွဲမဲ့ ပွဲလို့ ပြောလိုက်ချင်ပါတယ်ဗျာ။

လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟု
လွန်ခဲ့သော နှစ်အနည်းငယ်က
 စတင်ဖွဲ့စည်းကြောင်းကြားသိရသော်လည်း၊
မြန်မာမိန်းကလေးများ၊ ကလေးငယ်များအား
 ပြည်တွင်းပြည်ပ ပို့ဆောင်
 မှောင်ခိုကူးမှုများအပေါ်တွင်သာ
အဓိက ထားလုပ်ဆောင်နေတာကို ကြားသိရပြီး၊
ပြည်ပမှ ပြည်တွင်းသို့ နယ်စပ်ဖြတ်၍
တရားမဝင် လူမှောင်ခိုလျင်မူ၊
လူမှောင်ခိုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၏ လုပ်ပိုင်ခွင့်လား၊
စစ်တပ်အာဏာပိုင်များ၏ လိုသလို
ဝင်ရောက် ဦးဆောင်လုပ်ပိုင်ခွင့်လား၊
ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များ၏
လိုသလို ဝင်ရောက် ဦးဆောင်လုပ်ပိုင်ခွင့်လား၊
လူဝင်မှုကြီးကြပ်ရေး၏ လုပ်ပိုင်ခွင့်လားတော့
ခွဲခြားမသိ၍ မဝေခွဲတတ်ပါ။

စကာင်္ပူမှာကတော့ လိုအပ်ရင် ရဲပါဝင်ကူညီမှုနဲ့
 ICA ခေါ် Immigration and Checkpoints Authority  ခေါ်
လူဝင်မှုကြီးကြပ်ရေးကသာ လူဝင်လူထွက် မှုနှင့်
ဆက်နွယ်သည့်ကိစ္စများအားတာဝန်ယူလုပ်ဆောင်ကြသည်ကို
 မြင်သိနေရပါသည်။။

မိမိအမြင်အရမူ မြန်မာပြည်တွင်လည်း
လူဝင်မှုကြီးကြပ်ရေး အားသာ
 တာဝန်ယူခွင့်လုပ်ပိုင်ခွင့်ပေးရမည်ဖြစ်၍၊
တစုံတစ်ရာ ဥပဒေဖေါက်ဖျက်သည်ဟု စုံစမ်းသိရှိပါက၊
တာဝန်ခံအား ပြတ်သားစွာ ဥပဒေနှင့်အညီ
အရေးယူသင့်ကြောင်းတင်ပြလိုက်ရပါသည်။

နောက်တစ်ခု ပြောကြားလိုသည်မှာ
မြန်မာနိုင်ငံသားအဖြစ်စွန့်လွှတ်၍
စကာင်္ပူနိုင်ငံသား အဖြစ်ခံယူ ထားသူအချို့နှင့်ပတ်သက်၍ဖြစ်သည်၊
စကာင်္ပူသည် မြန်မာနိုင်ငံမှ နိုင်ငံရေး ဒုက္ခသည် အဖြစ် ခိုလှုံခွင်ပေးကာ
နိုင်ငံသားပေးသည်ဟု မကြားမိပါ မရှိဟုလည်းယူဆပါသည်၊
ထို့ကြောင့် နိုင်ငံသားခံယူသွားသူအများစုသည်
အလုပ်အကိုင်ကျွမ်းကျင်မှုနောက်ခံ
ပညာနောက်ခံကြောင့်သာ PR လျှောက်ပြီးနောက်
 နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူကာ ဒီနိုင်ငံအပေါ်သစ္စာရှိမည့်
အကြောင်း ဂတိသစ္စာ အဓိဌာန်ပြုရပါသည်။
မည်သည့် အစိုးရဖိအားမှ မပါ မိမိ ရမည့်
အခွင့်အရေး အသာရမည့်အပေါ်နှင့် ခံစားမှု
အကျိုးအမြတ်များအပေါ် မျှော်ကိုးမှု ပါကြောင်းငြင်းနိုင်မည်မထင်ပါ။
ထိုကဲ့သို့ ခံယူသွားမှု ရွေးချယ်မှုအားလည်း
ကိုယ်ပိုင်ခံယူ ချက်နှင့် ဆုံးဖြတ်မှုများသာဖြစ်၍
လေးစားတန်ဖိုးထားပါသည်။


သို့သော် ထိုသူများထဲမှ တစ်ချို့သည်
 မြန်မာ့နိုင်ငံရေး ဈေးကွက်ပေါ် Online ပေါ်မှနေ
လက်သီးလက်မောင်းတန်းအော်ကာ
အမျိုးချစ်ပြနေကြပြီး မြန်မာနိုင်ငံ၏ လာပ်စားမှု မတရားမှု၊အာဏာ သုံးမှု၊
ခရိုနီ၊ စစ်အစိုးရ၊ အာဏာရှင် အစိုးရ ဟု တစ်ဖက်မှ တက်ကြွစွာအော်နေကာ၊
မိမိကိုယ်တိုင်ကမှု မိမိ၏ မြန်မာနိုင်ငံသားကပ်အား
ဆက်လက်သိမ်းဆည်းထားသည့်အပြင်
ထိုထိုသူများ၏ စကာင်္ပူရောက် နိုင်ငံခြားသားခံ
သားသမီးအချို့ပင် တစ်သိန်းလောက်ဖြင့်
အမြန်ကြေးဖြင့် မှတ်ပုံတင် ပြန်လုပ်၍
ရကြသည်ဟု ကြားရသော အခါ၊
မိမိနားပင် မိမိ မယုံမိ လွန်စွာ အံသြ မိပါ၏။
မြန်မာပြည်ထဲရောက်ရှိပါက မြန်မာနိုင်ငံသားကဒ်ကိုင်ဆောင်၍ ခရီးသွားလာကာ
နှစ် နိုင်ငံစလုံး၏ ဥပဒေ နှင့် သစ္စာကို ဖေါက်ဖျက်နေကြသူများဟု
 ဤနေရာမှနေ စွပ်စွဲချင်သလို၊
နယ်စပ်ခိုးဝင်များ စိတ်ဓါတ်၊ ခရိုနီကဲ့သို့၊
လက်ရှိ လာပ်စားချမ်းသားသူ စစ်ဗိုလ်ချုပ်များကဲ့သို့
သူများသာဖြစ်သည်မို့
ရှုပ်ချလိုက်ပါသည်။

No comments:

Post a Comment