စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, July 24, 2014

တချိန်တုန်းက ဘူမိကျောင်းတော်သား (၃) (သို့ ) ကံကော် ဂန္ဓမာ သရဖီ အင်းကြင်းနဲ့ စိန်ပန်း ပျဉ်းမ တွေ ဝေ တဲ့ တက္ကသိုလ် လှိုင်နယ်မြေ၊ မှာ ခပေါင်း ဒူးယား တွေလဲ မြူ ဆိုင်း ဝေ ခဲ့တယ်.........



 သိတဲ့အတိုင်းဘဲ ကျနော်တို့ တိုင်းပြည်ရဲ့
 မွေးစား ဖခင်ကြီးတွေက
(တပည့်မွေးပြီး  စားစားလွန်းအားကြီးလို့ပါ)
အငြိမ်မနေတတ်တော့ 
သူ့မွေးစား သားသမီးတွေ အရွယ်ရောက်လာတိုင်း၊
သူ့တို့ ဘကြီး မျက်နာလိုမျက်နာရ၊
လမ်းအမည် မြို့အမည်တွေ
 ပညာရေးစံနစ်၊ ဝန်ကြီးဌာန အမည်တွေ၊
တစ်ခုမဟုတ် တစ်ခုပြောင်း ပြောင်းတတ် ကြတယ်၊

မပြောင်းတာက သူတို့ရဲ့ 
ပွဲတက်ကတော်တွေ  လောက်ဘဲထင်ပါရဲ့၊
ဒါတောင်....
မပြောင်းသာမပြောင်းတာ၊ 
အပိုထားလို့ရအောင်တော့
ဥပဒေပြောင်းပြီး 
ကတော်ပြိုင်ဥပဒေ ပြောင်းလိုက်သေးရဲ့၊
 (Google ရှာရင်း ဒီတစ်ပုံထဲတွေ့လို့ ယူသုံးမိပါတယ် source ကိုလိုက်ကြည့်တော့ ဆရာမ မေငြိမ်းရဲ့ Blog ထဲက post တစ်ခုမှာ ဖေါ်ပြထားတဲ့ပုံလေးပါပုံလေးမှာ (http://maynyane.blogspot.sg) ကျနော်တို့တက်နေစဉ်တုန်းကနဲ့ဆိုယင် တော်တော်အိုမင်းနေတာတွေ့ရပါတယ်)

တက္ကသိုလ် လှိုင်နယ်မြေ

ကျနော်တို့လဲ ပညာရေးစံနစ်သစ် ကျောင်းနံမည်သစ်နဲ့
တော်သေးတာက အတွေ့အကြုံ ရှိပြီးတော်ကြတဲ့ ဆရာဟောင်းသမားဟောင်း  တွေနဲ့ ကျောင်းအဆောက်အဦးဟောင်းမှာ
ပထမနှစ် စတက်ရတော့တာပေါ့ဗျာ။

ကျနော်တို့ရဲ့ ဆရာ/မတွေက 
တကယ်လဲ အတွေ့အကြုံ ရှိပြီးတော်ကြတဲ့ 
ဆရာဆရာမတွေမို့ 
သူတို့တွေဆီမှာ တစ်ပည့်ဖြစ်ခွင့် 
သင်ခွင့် ခဲ့တာ
ဝမ်းမြောက်ရပါတယ်

ကျနော် တို့ ကျောင်း တည်နေရာကတော့ 
ယခင်အခေါ်အဒီလမ်း ( သူလဲအပြောင်းခံထားရတော့ ယခု ပါရမီလမ်းထင်ပါတယ်) နားက 
အင်းလျားလေးကန် နဘေးမှာရှိပြီး

ယခင်အခေါ် RC.2(ဒေသ.2) .. 
Transform လုပ်ခံရပြီး   ကျနော်တို့နှစ်ရောက်တော့မှ  
ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေ.....
လို့ခေါ်တဲ့ ကျောင်းတော်ကြီးပါ၊

စာသင်ခန်း အမျိုးအစားက နှစ်မျိုးရှိပြီး၊ 
တမျိုးက ရိုးရိုးကြမ်းပြင်ညီ စာသင်ခန်းတွေဖြစ်ကာ၊
 နောက်တစ်မျိုးက 
လခြမ်းပုံ အဆင့်ဆင့် Ground level အောက်ကို 
ကျွံဝင်သွားတဲ့ Theater အမျိုးအစားဖြစ်ပါတယ်။

ကျနော်တို့တွေက T12 နဲ့ T13 ဆိုတဲ့ 
Twin Theater နှစ်ခုမှာ သင်ခွင့် ခဲ့ပါတယ်

ကျနော်ဘဝင်မကျတာလေးတစ်ခုကတော့ 
စာသင်ပြတဲ့ ဆရာဆရာမတိုင်းက
 မြေအောက်ဆင်းသွားရပြီး 
တပည့်တွေက အပေါ်စီးကနေ 
ဆရာ/မ တွေ သင်တာကို
သင်ယူနိုင်တာပါဘဲ။

ဆရာမ စာသင်နေတုန်း 
အမြင့်ဆုံးတန်းရဲ့ နောက်ဖက်
 မြေညီပေါ်မှာရှိနေတဲ့
ဝင်ထွက်ပေါက်နှစ်ခုကနေ 
လှစ်ကနဲ့ ဝင်နိုင်ထွက်နိုင်တာပါ။

အဲဒီအဆောက်အဦးတွေက 
5th Seap Games ကျင်းပဖို့ဆောက်လုပ်ခဲ့တဲ့ 
သမိုင်းဝင်းထဲက dome shape Sport Complex, နဲ့ 
RIT , Eco နဲ့ RASU ကျောင်းသူတစ်ချို့ကို
အဆောင်နေခွင့်ပေးထားတဲ့ ကံကော်၊ ဂန္ဓမာ၊ သရဖီ  နဲ့ 
အင်းကြင်း အဆောင်တို့လိုဘဲ 
အခေါင်းပေါက် စဉ့်/ကြွေအုပ်ခွက် ထဲမှာ 
RC ထဲ့လောင်းတဲ့ အဆောက်အဦးဆိုရမလားမသိ၊
 (သူငယ်ချင်း civil တွေ  ပိုမို ပြောနိုင်လိမ့်မယ်ထင်ပါတယ် )

စဉ့်အုပ်ခွက်အရောင် RC.2 အဆောက်အဦးအရောင်တွက
 ရွှေအိုရောင်/ ရွှေညိုရောင်လို့ ပြောရမယ်ထင်ပါရဲ့၊

ကံကော်၊ ဂန္ဓမာ၊ နဲ့  သရဖီ   တို့က အပြာရောင်လို့ ထင်ပါတယ်၊
အင်းကြင်း က တော့  ရွှေအိုရောင်လို့ မှတ်မိနေခဲ့ပါတယ်
အဲဒီအချိန်တုန်း တစ်မူထူးပြီး လှပတဲ့ 
ဒီကျောင်းတော်ကြီးဟာ၊ စိန်ပန်းပင် နဲ့ ပျဉ်းမ တွေ ဝန်းရံပြီး၊
ငယ်ရွယ်နုပျို လန်းဆန်းတက်ကြွနေကြတဲ့ 
တက္ကသိုလ်ကျောင်သား/သူတွေရဲ့ ရောင်စုံအလှကိုယ်စီနဲ့
စီချယ်လိုက်တဲ့အခါမှာတော့ 
အင်မတန် လှပတဲ့
 ဆေးရောင်စုံ ပန်းချီ ကားလေး တစ်ချပ်လို့
ထင်ရပါတော့တယ်

အဲဒီ အချိန်တုန်းက RC.2 ကျောင်းစာသင်ခန်း 
Theater တိုင်းမှာ Project Screen, Mic ထားတဲ့ သေတ္တာကလေးနဲ့ ၊
နံရံပတ်ပတ်လည်မှာ အသံစုတ်ဖေါ့ပြားတွေနဲ့
 ကာရံပေးထားတာမို့ Cinema theater တွေလိုပဲ
အသံတွေ ငြိမ်သက်တဲ့ စာသင်ခန်းတွေဖစ်ကြတာမို့ 
သူခေတ်သူ့အချိန်နဲ့ဆိုရင် မြန်မာပြည်ရဲ့ 
အကောင်းဆုံးစာသင်ခန်းမတွေ ထဲက 
တစ်ခုလို့ပြောရမယ်ထင်ပါတယ်၊ 

မီးမပြတ်ဖို့တော့လိုပြီး 
မီးပြတ်ရင်တော့ ပြတင်းမရှိဘဲ 
ဝင်ပေါက်ထွက်ပေါက်သာရှိတာမို့
တ်ာတော်မှောင်သွားတတ်ပါတယ်၊ 
အဲဒီတုန်းက မီးပြတ်တာလဲ
 တော်တော်နည်းပါးပါသေးတယ်။

 Block.1 ခေါ်မလားမသိဘူး မမှတ်မိတော့ဘူး၊
 အေဒီလမ်းဘက်မျက်နှာပြုထားတဲ့ဘက်က Block ကို တော့
 စီးပွါးရေးတက္ကသိုလ် လှိုင်နယ်မြေ လို့ သတ်မှတ်ပြီး၊
 ကျန်တဲ့ ပင်မဆောင်တွေ , 
Theater စာသင်ခန်းတွေ၊ 
တိုးချဲ့ဆောင်တွေကတော့,  
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ခေါ်ပါတယ်။၊ 

ဝိဇ္ဇာသိပံ္ပ ဘာသာစုံအပြင် 
အဲဒီတုံးက
မန္တလေး နဲ့ရန်ကုန် တက္ကသိုလ် နှစ်ခုမှာသာရှိတဲ့ 
ဘူမိဗေဒဘာသာရေ၊ ဥပဒေဘာသာရေ၊
သစ်တောဘာသာရေ.... သုံးခုမှာ
 ဥပဒေ နဲ့ ဘူမိ ပထမ၊
ဒုတိယ နှစ်က ရန်ကုန်တက္ကသိုလ်(လှိုင်)မှာတက်ရပြီး၊
အဆောင်အနေနဲ့က
 ကျောင်းနဲ့ကပ်ရက် 
သမိုင်းဝင်းထဲက 
ခပေါင်းဆောင်မှာနေရပါတယ်၊

ကျနော်တို့ရဲ့ 
ခပေါင်းဆောင်ကျောင်သားတွေထဲမှာတော့

အမှတ်က ဟိုမရဒီမရ  ဟိုမမှီ ဒီမမှီ မို့
ဘူမိရောက်လာတဲ့ နယ်ကျောင်းသားတွေနဲ့

အမှတ်တွေ မတရားကောင်းပေမယ့် 
One or two FRC လို့ပြောကြတဲ့ 
မိဘနှစ်ဦးလုံး   
ဒါမှမဟုတ် 
တစ်ဦးဦး နိုင်ငံခြားသားမို့ 
ဧည့်နိုင်ငံသား
 (ယာယီနိုင်ငံသား white card ကိုင်သူမဟုတ်ပါ)
အဖြစ်အသိအမှတ်ပြုထားခံရတဲ့
စာထူးချွှန် ပေမယ့်
 ဆေးတို့ စက်မှုတို့တက်ခွင့်မရကြ
 တစ်နည်းဆိုသော်
ဟိုမှီ ဒီမှီ ပေမယ့် 
ဟိုမပေး ဒီလဲမပေးလို့ ပေးတာယူပြီး 
 ဥပဒေ ကျောင်းသားဖြစ်လာသူ တွေရယ်
 (နိုင်ငံခြားမှာတော့
 တော်တဲ့လူတွေတက်ခွင့်ရတာ မို့
 - အစိုးရကဘဲ မလိမ့်တစ်ပါတ်လုပ်သလားမသိပါဘူး)


  ကျနော်တို့ဘူမိလိုဘဲ
ဟိုမရောက် ဒီမရောက်မို့ 
ဥပဒေ ရောက်သွားတဲ့
 နိုင်ငံသားစစ်စစ်တွေက
ဆင်းသက်လာတဲ့
 နိုင်ငံသား ဥပဒေကျောင်းသားတွေရယ်
သုံးမျိုးသုံးစားရှိတယ်လို့ပြောရမယ်ထင်ပါရဲ့
(ဒါကြောင့်မို့လို့လားမသိဘူ 
လူတော်ရှေ့နေကြီးတွေကြည့်လိုက်ရင် ?????
အမှန်မထင်ပါနဲ့ စိတ်ထဲမြင်ရာရေးမိတာပါ)

ကျနော်တို့က ဂျီ ကျောင်းသား  ၊ 
သူတို့တွေက ဥကျောင်းသား ၊
 ကျနော်တို့တွေက ဂဂျီဂဂျောင် လဂျီလဂျောင်ဆိုရင် 
သူတို့တွေက xxxxxxx  အင်းဟုတ်သေးပါဘူး
သူတို့ကို " လော"  ကျောင်းသား လို့ ဘဲ 
 အတိုခေါ်ကြပါတယ်။

အဆက(အဆင့်မြင့်ပညာ ညွန်ကြားရေးဦးစီဌာန)
မှ မှားယွင်း ဆုံးဖြတ်လို့
 တစ်နှစ်နောက်ကျရတဲ့ 
သူငယ်ချင်းတစ်ယောက်အဖြစ်ထက် ပိုဆိုးတဲ့
အုပ်စုလိုက် ဒုက္ခ ရောက်ရတဲ့  
 လောကျောင်းသားတွေ အဖြစ်က ပိုဆိုးပါသေးသဗျာ၊

သူတို့အကြောင်းမပြောခင် 
ဘူမိကျောင်းတော်သားဖြစ်လာတဲ့ကျနော်၊
ကျနော် စတင်တက်ရောက်ခဲ့ရတဲ့ 
ကျနော့်ရဲ့ ကျောင်းတော် ကြီးအကြောင်း
ပြောပြချင်ပါတယ်၊
(ဟိုးတုန်းကတော့ တောကလူတွေမြို့ပေါ်ကျောင်း
လာတက်ကြတော့ ကျောင်းတော်သား၊ 
အခုကတော့ ကျောင်းတောသားလို့ခေါ်ရမလားမသိဘူး မြို့ကလူတွေက တောရောက်သွားတဲ့ကျောင်းတွေမှာ 
သွားတက်ရ ကျောင်းတွေက တောရောက်
 ကျောင်းသားတွေလဲတောထဲရောက်နဲ့ဆိုတော့
 ကျောင်းတောသားပဲဆိုရမယ် ထင်ပါရဲ့
မောင်မယ်တွေလဲ ကော်ရစ်တာပေါ်ထိုင်နေစရာမလို ဘူး 
လယ်တဲအိမ်တွေလဲပေါဆိုဘဲ၊
နယ်ပြည်တော်မှာလဲ 
လယ်တောအိမ်တွေဆောက်ထားတာ
ဘဘ တို့ တွေ ခုခေတ် 
တက္ကသိုလ်မောင်မယ်တွေ လို ငယ်မူပြန်ချင်နေလို့လား။
ကလင်တန် ကိုအားကျ အိမ်ဖြူတော် အာ...ဟုတ်ပါဘူး
ဟို အမျိုးသားလွှတ်တော်ကြီး ထဲမှာ 
ကင်မရာတွေပေါပြီး ဆိတ်ကွယ်ရာ နည်းနေလို့များလား?)
ထားလိုက်ပါတော့ ပြီးတာတွေလဲပြီးပါစေတော့
ကလင်တန်လဲ တစ်ခေါင်းလုံးဖွေးသွားပြီဘဲ
ရေးနေတာဘယ်လိုင်းထဲ ရောက်သွားတောင်မသိတော့ပါဘူး၊

အောင်ရင်ညိမ်းနဲ့တော့မဆိုင်ပါဘူးဗျ 
အဝေးကြီးရှိပါသေးတယ်၊

သမိုင်းဝင်းထဲက ကျနော့်ရဲ့ 
လှိုင်အကြောင်း !!!

ဟာ ပေါ်ကုန်ပြီ......
 သမိုင်းဝင်းထဲက ကျနော့်ရဲ့
 ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) 
ဘူမိကျောင်းတော်သားသမိုင်းအကြောင်း
ပြန်အစအကောက်ရရင် 
ဘယ်နားတောင်ရောက်သွားမှန်း မသိတော့၊
 ရတာနဲ့ စမယ်ဗျာ

ခပေါင်းဆောင်ကနေထွက်လာရင် 
ဆရာဆရာမ နဲ့ ကျောင်းအုပ်ကြီးနေတဲ့
လုံးချင်းအိမ်လေးတွေကျော်လာပြီးရင်
 ကျောင်းစာသင်ဆောင် အသစ်တွေနဲ့
ကျောင်း စားသောက်ဆိုင်တန်းအသစ်ကိုဖြတ်ပြီး
 ကျောင်းဆောင်မကြီးတွေကိုရောက်ကာ
 ကျောင်းဆောင်မကြီးရဲ့ 
ဟိုဖက်အစွန်တစ်ဖက်မှာကတော့
 ပြည်လမ်းနဲ့၊ အေဒီလမ်းတို့ကို
တဖက်တစ်ချက်စီမှာ သွားဆက်သွယ်နေတဲ့ 
ကုက္ကိုလ်ရိပ်တွေ စိန်ပန်းရိပ်တွေနဲ့အေးမြတဲ့
 ကျောင်းပတ် ကတ္တရာလမ်းမရှိနေပြီး၊

ဆလွန်းကားနောက်ဆုံးပေါ်ရောင်စုံတွေ၊ 
သဘောင်္သားကားရောင်စုံတွေ၊
ကျောင်းသူ လှလှ ရောင်စုံတွေ၊ 
ဆရာမ လှလှ ရောင်စုံတွေ နဲ့
အဝင်အထွက် ဟိုဒဟိုသွားလာ 
အလှတွေ စီချယ်နေကြသလို
ကျောင်းသား ရောင်စုံ 
ဆရာရောင်စုံတွေကလဲ 
မျက်စိရောင်စုံနဲ့
ဟိုဒဟို အလှပန်းချီကို 
ခံစားမိနေကြသလို  
အမြဲ စည်ကားနေတတ်ကြပါတယ်။

သူနံဘေးမှာကတော့ 
အမေဆီက သားခွဲခံရတဲ့ ကျနော်တို့ရဲ့
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)လိုဘဲ 

အမေဆီက သားခွဲခံရတဲ့ 
အင်းလျားလေး(အင်းလျားကလေး) လို့...
ခေါ်ဆိုကြတဲ့
သာယာတဲ့ ကန်လေးရှိပါတယ်။

ဒါကြောင့်များလားမသိ 
အတွဲတွေ သိပ်မထိုင်ရဲကြတာဖြစ်မယ် 
အင်ကြင်းဆောင်နောက်တွေကျတော့ 
အတွဲတွေချည်းဘဲ မရေးတော့ပါဘူး။
(ကိုယ့်ပေါင်လှန်ထောင်းမိမှာစိုးလို့  လို့
ခင်ဗျားတို့ မထင်ကြပါနဲ့
 ချောင်းရုံလောက်ပါ၊ 
ဂျမ်းဘုံက ရွာမှာ ကျန်နေခဲ့လို့ပါ)

အင်းလျားလေးကန်လို့ခေါ်ရတာကလဲ
အင်းလျားကန်မကြီးကို
 ပြည်လမ်းမကြီးက ပိုင်းဖြတ်လို့ 
ကွဲသွားရတဲ့ အပိုင်းလေးကို
အစွဲပြုလို့ခေါ်တာထင်ပါတယ်၊

ကန်ရဲ့အလယ်လို့ဘဲပြောရမယ်ထင်ပါရဲ့ 
(အေဒီလမ်းဖက်ကတော့ မြေတစ်ဆက်ထဲပါဘဲ)
အဲဒီ ကန်လယ်ကကျွန်းဆွယ် ကလေးမှာ 
လူငယ်အင်လျားလေးစခန်းရှိခဲ့ပါတယ်၊

ဟိုးတုန်းက  အစိုးရရဲ့ 
ဘက်စုံတော်တဲ့ လူငယ်တွေကို 
တိုင်းနဲ့ပြည်နယ် အသီးသီးက
ခုနှစ်တန်းကနေ ဆယ်တန်းထိ 
လူရည်ချွန် အဖြစ် စံပြရွေးချယ်ကာ
 မြန်မာပြည်ရဲ့အရှေ့အနောက် တောင် တို့က
အင်းလေးခေါင်တိုင်စခန်း
(ညောင်ရွှေအင်းလေးကန်)၊
 မော်လမြိုင် စက်စဲ စခန်း
(စက်စဲကန်းခြေ)၊
 ငပလီ ရွှေဝါချိုင် စခန်း
(သံတွဲ လုံးသာကမ်းခြေ) နဲ့

အပေါ်မှာဖေါ်ပြခဲ့တဲ့ 
ရန်ကုန် လူငယ်အင်လျားလေး စခန်းအသီးသီးသို့
 နွေရာသီ ကျောင်းပိတ်ရက် အတွင်း
 လေ့လာရေးခရီးအဖြစ်
ပို့ဆောင်ကာ
 ဒေသန္တရဗဟုသုတတွေရရှိအောင်လုပ်ပေးခဲ့တဲ့ 
အစီအစဉ်အရ
တည်ဆောက်ပေးခဲ့တဲ့ 
လူငယ်စခန်းတွေထဲက
ဒီလူငယ်အင်းယားလေးစခန်းဟာ 
တစ်ခုအပါအဝင်ပါ။၊


 ဘဝတစ်ကွေ့ သမိုင်းတစ်ဆစ်ချိုးက 
တက္ကသိုလ်ပျိုပျို လှိုင်လဲ ယခုအခါမှာ အိုမင်းနေခဲ့ပါပြီဗျာ


ဒီနေရာမှာဖြတ်ပြီးရေးချင်တာကတော့
 ဒီ post နဲ့တော့မဆိုင်ပေမယ့် မနေနိုင်လို့ပါ၊

မူလတန်း၊ အလယ်တန်း၊ အထက်တန်း နဲ့ 
တက္ကသိုလ် ကောလိပ် ကျောင်းသားတွေ နဲ့ 
ပတ်သက်ပြီးတော့ပါ၊

ဟိုးတုန်းက လူရည်ချွန်ရွေးချယ် 
camping ထွက်တာနဲ့ ပတ်သက်ရင်းပါ။

ကျနော်တို့ရဲ့ တစ်ကယ်လဲတော်
 နိုင်ငံတစ်ကာအဖွဲ့အစည်းတွေမှာလဲ
ဦးဆောင်တဲ့အပိုင်းက လုပ်ခဲ့ပြီးလက်ရှိလဲ
 မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲ
ဖွံဖြိုးတိုးတက်ရေးမှလဲ ဦးဆောင်ကဏ္ဌက ပါနေတဲ့ 
ဆရာမများကြားပြီး
ဒီအသံလေးများကြားမိယင် 
ဆရာမ 
ကျနော်တို့ထက်ပိုသိထားတဲ့ 
ဒီဟာလေးကို promote လုပ်ပေးနိုင်မလားဆိုတဲ့ ဆန္ဒနဲ့ပါ။

ကျောင်းသားလူငယ် အသီးသီးဟာ 
အနာဂါတ်ရဲ့ကြယ်ပွင့်တွေမို့
သူတို့ကို မှန်ကန်သော အသိပညာနဲ့ 
ဖွံဖြိုးအောင် molding လုပ်ပေးတာဟာ
တိုင်းပြည် ဖွံဖြိုးတိုးတက်အောင်လုပ်တာဘဲဆိုတာ 
လူတိုင်းသိပြီးသားဖြစ်မှာပါ။

မူလတန်းအရွယ်ကလေးများကို 
ပညာသင်ကြားရာမှာ ကလေးတွေရဲ့ မြင်နေရတဲ့
ပတ်ဝန်းကျင် အခြေအနေတွေကို သိမြင်နားလည်လာဖို့၊ 
လူမှုပတ်ဝန်းကျင်မှာ လူတွေရဲ့ကောင်းတဲ့စရိုက်နေထိုင်မှုပုံစံတွေ 
နားလည်နေထိုင်ပြောဆိုပြုမူတတ်ဖို့

သူတို့ရဲ့ စဉ်းစားတွေးခေါ် မှတ်သားတတ်ခါစ
အသိဥဏ်တွေ ဖွဲ့ဖြိုးဖို့ 

ကျောင်းခန်းထဲက သင်ကြားမှုတွေအပြင်....

 ကျောင်းဝင်းထဲက outdoor activity တွေ၊......
 ကျောင်းပြင်ပ အနီးအနား အမှိုက်ကောက်ခိုင်းဖြစ်စေ 
တစ်ဦးချင်း၊ အဖွဲ့လိုက်  ကျောင်းပြင်ပ outdoor activity နဲ့
 project လေးတွေ၊.....
တာဝန်ခံဆရာမနဲ့အတူတူ
 လေဆိပ်၊ တိရိစ္ဆာန်ရုံ စတဲ့နေရာတွေကို
 နေ့ဝက်လေ့လာရေးခရီး တွေ၊....

အတန်းကြီးလာသည်နဲ့အမျှ ရက်တို 
ညအိပ် မြို့အနီးအနား camping ထွက်ရတာတွေ၊

ဒီကတစ်ဆင့်အတန်းကြီးလာသည်နဲ့အမျှ 
အစိုးရ၏ပညာရေးရံပုံငွေ ကျောင်းသားများ၏
စိတ်ချလုံခြုံမှုနှင့်ငွေကြေးကုန်ကျမှုကိုလိုက်၍ 
သက်ဆိုင်ရာ principle များ၏ judgement ဖြင့်
 မြိုနယ်အပြင်ဖက်၊
 ပြည်နယ်/တိုင်း အပြင်ဖက် 
နိုင်ငံအပြင်ဖက်(oversea) camping များ

သွားရောက်စေခြင်းနဲ့
 ဝိုင်းဝန်းလုပ်ဆောင်ရသော project ငယ်ကလေးများအား
အလေးထားသော 
ပညာရေးစံနစ်တစ်ခုဖြစ်လာစေချင်ခြင်းပါ။

နိုင်ငံတစ်ကာတွင်
ဤစံနစ်အခြေတည်နေသည်မှာ
 နှစ်ပေါင်းကြာနေပေပြီ၊

စန္ဒာနှစ်ကိုယ်ခွဲပါဝင်ခဲ့တဲ့
 နှစ်မွှာအသဲရဲ့ 
မူလအင်္ဂလိပ်ရုပ်ရှင်ဖြစ်တဲ့

The parent trap ဆိုတဲ့ကားနဲ့
 နောက်တစ်ကားဖြစ်တဲ့
 it take two ဆိုတဲ့ 
ရုပ်ရှင်တွေ နဲ့ အလားတူရုပ်ရှင်တွေ ကို
 ကြည့်ဖြစ်ကြရင် သိကြပါလိမ့်မယ်။

ထိုင်းနဲ့ စကာင်္ပူဆိုလဲ
မူလတန်း မှာ 
outdoor 
အနီးအနား observation ကနေ 
P5 , P6 လောက်မှာ
ညအိပ် ညနေ ကမ့်ထွက်ရတာမျိုး
ကမ့်က နာရီဝက်ခရီးလောက်သာဝေးပေမယ့်
မိဘတွေလာတွေ့ခွင့်မရှိဘဲ 
ကမ့်ပိတ်တဲ့နေ့ မီးပုံပွဲကျမှ 
လာတက်ခွင့်ရတာမျိုးတွေ ရှိပါတယ်

 ကျောင်းထဲမှာတင် အိပ်စားနေရတဲ့ 
ကမ့်လဲရှိပါတယ်
   
၇တန်း ၈ တန်းအရွယ်လေးတွေ
 ကျောင်းရဲ့အတန်းအလိုက် oversea camping အပြင် 
တစ်ယောက်ချင်းစီ တစ်ကျောင်းနဲ့တစ်ကျောင်း 
invite လုပ်ကာ ကျောင်းသားချင်းဖလှယ်ပြီး
လာလည်ခိုင်းကြတဲ့အစီအစဉ်တွေ 
လုပ်တာတွေလဲ ရှိကြပါတယ်။
ဒါတွေဟာ ကျောင်းသားတိုင်းအတွက် 
စီစဉ် ပေးထားတဲ့ အရာတွေပါ၊

ပြည်ပနိုင်ငံတွေမှာ ပညာရေးစံနစ်ဆိုတာ
 ကျောင်းသားအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေဖို့ထက်
 ပေါ့ပါးကြည်လင်စွာ ပညာသင်ကြားရင်း 
အဆင့်မြင့်ပညာတွေ
 လေ့လာသင်ကြားနိုင်အောင်လုပ်ပေးနေတဲ့အချိန်မှာ
 မြန်မာပြည်မှာကတော့
 ကျောင်းကြီးတွေဟာ Attendance ယူဖို့ နဲ့
 စာမေးပွဲဖြေရန်သာ အသုံးပြုကြပြီး၊
စကားမပီကလာပြောတတ်ကထဲက 
ကျူရှင်ပို့ 
အပြိုင်အဆိုင် သူ့ထက်ငါတော်တာကျောဖို့
ဗိုလ်လိုပိုမှုတ်တတ်ဖို့နဲ့ 
အတန်းကြီလာရင် 
ဆယ်တန်းမှာ ၆ဘာသာပါနိုင်ဖို့
စာ ဆူနာမီတွေထဲမှာ 
ခလေးတွေကို နှစ်မွှန်းထားပြီး 
အချိန်တွေကုန်ဆုံးစေတာဟာ

တိုင်းပြည်မှာ အတွေးအခေါ် နဲ့ 
လူမှုပေါင်သင်းဆက်ဆံရေးတော်တဲ့ခေါင်းဆောင်တွေမွေးထုတ်ပေးနိုင်တဲ့
molding  မဟုတ်ဘူးလို့ပြောချင်တာပါဘဲ။

အာရှမှာ စကာင်္ပူဟာ 
အင်္ဂလိပ်စကားပြောပြီး 
ချမ်းသာကာ အဆင့်မြင့်ပေမယ့်၊ 

မဖွံ့ဖြိုးလာခင်ရော... 
တိုးတက်ဖွံ့ဖြိုးလာစဉ်မှာပါ
 ပြည်သူတွေကြားထဲနဲ့ကျောင်းမှာပါ 
အင်္ဂလိပ်လို ကောင်း ကောင်းမပြောနိုင်ပေမယ့်
အာရှရဲ့ထိပ်သီး ကျားတွေ နဂါးတွေဖြစ်လာကြတဲ့ 
တိုင်းပြည်နဲ့လူမျိုးပေါ်အမျိုးသားရေးစိတ်ဓါတ်ဖြင့်လဲ
ချစ်ခင်ကြသော
ဂျပန် ကိုရီးယား ထိုင်ဝမ် တရုတ်တို့ဟာ 
နည်းပညာပိုင်ဆိုင်မှုမှာ ပိုမို ပြည့်ဝကြပါတယ်။

စကာင်္ပူဟာ နည်းပညာကိုဝယ်ယူ အသုံးပြုမှုနှင့်
 ငွေကြေးဝန်ဆောင်မှု၊ လေဆိပ် ၊ ဆိပ်ကမ်းဝန်ဆောင်မှုတို့တွင် ထိပ်တန်းနည်းပညာများအားဝယ်ယူအသုံးပြု မှုတို့ဖြင့်
manage လုပ်နေသော လာပ်စားမှုနည်းပါးသော 
citystate တစ်ခုသာဖြစ်ပေသည်။

ကျနော်တို့ ဘူမိကျောင်းသားတွေ Batch အလိုက် 
တစ်ခြားမေဂျာ ဘာသာတွေထက် စုစည်းခင်မင်ကြတာဟာ
 နှစ်တိုင်းမဖြစ်မနေ 
ကွင်းဆင်းကြရတဲ့ လိုအပ်ချက်ကြောင့်ဆိုရင် 
မှားမယ်မထင်ပါဘူး၊

ဒီလိုဘဲ တပ်မတော်သားတွေ 
ဘာလို့ညီညွှတ်ကြလဲဆိုရင် 
စားအတူ သေအတူ
 ရောက်ရာရှေ့တန်းနယ်မှာ 
မိသားစုမပါ Camping လုပ်နေရတာကြောင့်ဆိုရင်လဲ
မှားမယ်မထင်ပါ

ဒါကြောင့်ကျောင်းကိုခင်ပြီး 
ကိုယ်သင်နေရတဲ့ ပညာရေးနဲ့
ကျောင်းသားလူငယ်ဘဝကို  
 နှစ်သက် လိုလားကျေနပ်မှု ရှိနေကြသော
ပညာချွန် အတွေးအခေါ်ကောင်း၊
လူမှုဆက်ဆံပေါင်းသင်းဆက်ဆံရေးကောင်းမွန်သည့်
စီမံရေး အုပ်ချုပ်ရေး နဲ့
အတတ်ပညာပိုင်းတွေမှာထူးချွန်ကြသော
 အနာဂါတ်မြန်မာလူငယ်ခေါင်းဆောင်တွေ
 ပေါ်ထွန်းလာစေဖို့
ပညာရေးစာသင်ကြားရေး Syllabus တွေ
အသစ်သစ်တွေပြောင်းလဲရုံနဲ့ပြီးမြှောက်မှာမဟုတ်ဘဲ
 ကျောင်းသားသူများ၏ 
ပညာသင်ကြားချင်စိတ်ကိုဆွဲဆောင်မှုပေးရင်း
အာဂုံဆောင်ခြင်းစံနစ်ပပျောက်ပြီး 
ဆက်စပ်တွေးခေါ် ဗဟုသုတကြွယ်ကာ
အများနှင့်ပူးပေါင်းလိုက်နာ
 ဆောင်ရွက်တတ်သည့် (Rebellious စိတ်ကိုချုပ်ထိန်းနိုင်သည့်)
 ကျောင်းသားလူငယ်များထွက်ပေါ်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နိုင်ကြစေဖို့ 
တိုက်တွန်းနိုးဆော်ရင်း 
လယ်တောအိမ်မှာ ခဏမှ မနားရင် 
အိမ်ကဂျမ်းပုံဆီမှာ နားပူခံရတော့မှာမို့
အားမှ ဆက်ရေးခွင့်ပြုပါခင်ဗျ ။

TAT86Bumi 11:45hr  -24-7-2014

No comments:

Post a Comment