စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 16, 2014

အိပ်စက်အနားယူပြီ စိုင်းထီးဆိုင် ၁၉၇၈


အိပ်စက်အနားယူပြီ
Youtube Links:
http://www.youtube.com/watch?v=Sfp_riPWAh8
သံစဉ်/စာသား - စိုင်းခမ်းလိတ်
တေးဆို - စိုင်းထီးဆိုင်
တေးဂီတ - သဘာဝရဲ့ရင်သွေးငယ်များ (The Wild Ones)
အိပ်စက်အနားယူပြီ (၁၉၇၈)
သီချင်းခွေ မှ

နှစ်ပေါင်း (၅၀) ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ မိဘ၊ အိမ်သူသက်ထား၊
သားသမီးငယ်တို့ကို ပြန်ပြီး မနှုတ်ဆက်နိုင်ပဲ အိပ်စက်အနားယူသွားတဲ့ သူတို့အတွက်...
ဗမာပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ...။
Audio: My Own Collection
Images: Credit to everyone who owned or created the images that I used in this
music video.
This is "Personal & Non-Commercial Use ONLY".
PEACE IN BURMA NOW!
Thank you for watching!
NCA

Copy from youtube: http://www.youtube.com/watch?v=Sfp_riPWAh8  uploader's articles

အိပ်စက်အနားယူပြီ

ချယ်ရီပင်အောက် နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ရယ်
မလာနိုင်တော့တယ် ကြင်သူသက်ထား သားသမီးငယ်
ဘယ်လိုရှိမယ် မြင်ချင်သေးလဲ အချစ်ရေးထက်
ပြည်ရေးရာက ပိုခက်တော့ကွယ်
အိပ်စက်အနားယူပြီ...

လူမလာ စာမပါး သတင်းမကြားတာ ရက်လများရယ်
မရေနိုင်တော့တယ် အိမ်ပြန်မယ့်လမ်း ငြိမ်းချမ်းရင်
ရွှေလက်တွဲမယ် ရည်ရွယ်ရင်းနဲ့ စောင့်မျှော်သူ
ဒီအဖြစ်မှန်ကို ဘယ်သိလိမ့်မလဲ
အိပ်စက်အနားယူပြီ...

အားမငယ်ပါနဲ့ တို့ရဲ့ဘဝကို မြတ်ဘုရားတော့ သနားမယ်
နောင်အခါ ဘဝကြ...ဆုံရကောင်းရဲ့...

အမှောင်မှာနေပြီး အလင်းထဲကို မရောက်ရသေးတဲ့
အပြင်လူတယောက်ရဲ့ယုံကြည်ကြိုးစားခဲ့သမျှရယ­်
ဘယ်လိုရှိမယ် ဘယ်လိုဖြစ်တယ်
လက်စွပ်ငယ်ပေးဖို့ ရှာခဲ့သူသိဖို့ရယ်
အိပ်စက်အနားယူပြီ...
ခုတော့ အနားယူမယ်...
ခုတော့ အနားယူမယ်...
·      
 
အိပ်စက်အနားယူပြီ..   နှင့် .ငြိမ်းချမ်းအေး ၏ အမြင် 
လူမှု လောကပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစု အုပ်စုဝင် တယောက်ရဲ့ ခံစားချက်ပါ။
ဘဝနဲ့ ရင်းခဲ့တဲ့ အသိ၊ ခံစားမှုကြောင့်
ဖြစ်ပေါ်လာခဲ့တဲ့  “စိုင်းခမ်းလိတ်” ရဲ့ “Masterpiece”  လို့
ဆိုရပါမယ်။ ဒီသီချင်းကို ကြည့်ပြီး ဒီစာဖတ်ဖြစ်သူတွေထဲက မြန်မာ (ဗမာ)
မျိုးချစ်များ အနေနဲ့ “စိုင်းခမ်းလိတ်” က လူမျိုးရေးစိတ်ရှိသူ၊ သွေးခွဲလိုသူလို့
ပြောချင်ကြလိမ့်မယ်။ အဲ့လို ထင်ရင်၊ ပြောရင်..၊ မှားသွားပါလိမ့်မယ်။ ခံရသူတွေ ဘက်က
ခံစားမှု အနုပညာ စကားလုံး နဲ့ ဒီလောက်တော့ ပေါက်ကွဲသင့်ပါတယ်။


“စိုင်းခမ်းလိတ်”
ဟာ သူ့လူမျိုး အပေါ် ဘယ်တော့မှ တန်းတူထား မဆက်ဆံတဲ့ တိုင်းပြည် အပေါ်
သူ့လူမျိုးအများစု သဘောနဲ့အတူ ဘယ်တော့မှ စိတ်မကွက်ဘဲ.. ချစ်ရှာလွန်းလို့..၊
တိုင်းရင်းသား စည်းလုံးရေး၊ တိုင်းပြည် မပြိုကွဲရေး.. သီချင်းပေါင်း
မြောက်များစွာလည်း ရေးခဲ့ပါတယ်။ “အချစ်ဖိတ်စာ”၊ “နေ့သစ်” စတဲ့ သီချင်းတွေက
သက်သေပါ။

ဆယ်စုနှစ် ငါးစု ကျော် တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကြောင့် မိဘ၊
အိမ်သူသက်ထား၊ သားသမီးငယ်တို့ကို ပြန်ပြီး မနှုတ်ဆက်နိုင်ဘဲ အဝေးတနေရာ
စစ်မြေပြင်မှာပဲ အိပ်စက်အနားယူသွားရတဲ့ (ဘက်နှစ်ဘက်စလုံးက) သူတွေ အားလုံး အတွက် ရည်စူးပြီး
ရှမ်းတော်လှန်ရေးတပ်သားလေး တယောက်ရဲ့ ရင်နင့်ဖွယ်အကြောင်းလေးကို အခြေခံ
ရေးဖွဲ့ခဲ့တဲ့ “အိပ်စက်အနားယူပြီ (“စိုင်းထီးဆိုင်”၊ “အိပ်စက်အနားယူပြီ”
၁၉၇၈၊ တေးစုမှာ တရားဝင် ဆိုခွင့်ရ) သီချင်းကလည်း “စိုင်းခမ်းလိတ်” ရဲ့
တိုင်းပြည်မှာ “ငြိမ်းချမ်းရေး” မရှိမဖြစ် အရေးတကြီး လိုအပ်ပုံကို ဖော်ညွှန်းခဲ့တဲ့
သီချင်းလေး ပါပဲ။ ခုအချိန်ထိတော့ “စိုင်းခမ်းလိတ်” ရဲ့ ဆန္ဒ မပြည့်ဝ
နိုင်သေးဘူးပေါ့..။
ငြိမ်းချမ်းအေး
http://moemaka.com/archives/29686  page မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment