စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 16, 2014

တောင်ပေါ်မြေရဲ့တခြားတမျက်နှာ စိုင်းထီးဆိုင် ၁၉၇၃


လှပတဲ့ တောင်ပေါ်မြေရဲ့ တစ်ခြားတစ်မျက်နှာ

 Youtube Links:
http://www.youtube.com/watch?v=ZuNouywjsz4

လှပတဲ့တောင်ပေါ်မြေရဲ့ တစ်ခြားတစ်မျက်နှာ မှာ  
ချယ်ရီပန်းတွေ ယမ်းနံ့၊သွေးနံ့ကင်းဝေးပြီး  
အစဉ်အမြဲ လှပ အေးချမ်းစွာ ဖူးပွင့်နိုင်ပါစေ။


"" တောင်ပေါ်မြေရဲ့တစ်ခြားတစ်မျက်နှာ""

သံစဉ်/စာသား - စိုင်းခမ်းလိတ်

တေးဆို - စိုင်းထီးဆိုင်

တေးဂီတ - The Outsiders

သဘာဝ (၁၉၇၃) သီချင်းခွေ မှ၊

စိုင်းခမ်းလိတ် (Composer)+  
စိုင်းထီးဆိုင် (Vocal/Rhythm)+ 
စောဂျက်ဆင် (Lead) + 
စောသိမ်းဝင်း/သိန်းတင်ထွဋ် (Bass)  
စိုင်းခမ်းသီ (Drums)


This song was recorded in Sai Htee Saing's debut Album သဘာဝ in 1973 
and it is noted as a first Burmese song composition (both lyrics & melody)
of Sai Kham Leik..


MP3: My Collection
Images: Credit to Alexander Jerry, Jeffrey Hellman, 
Shanlay, Free Burma Rangers, Super Stock, Getty Images and everyone
who owned or created the images that I used in this video clip.

This is "Personal & Non-Commercial Use Only".

Thank you for watching!

NCA


 28.11.2012 ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း
 တော်ဝင်နှင်းဆီခန်းမ မှာကျင်းပပြုလုပ်တဲ့ 
`` ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား´´ မှာ
 ဒေါက်တာစိုင်းခမ်းလိတ် မှ သီချင်းနာမည်သာ ဥပမာ ပေးပြောပြီး 
ဒီသီချင်းရဲ့ အကြောင်းအရာ ထည့်ရှင်းမသွားပါ..။
သီချင်းနားထောင်ဖူးသူ အားလုံးလည်း ခံစားသိမြင်တဲ့အတိုင်း 
“လှပတဲ့  ‘တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ’ မှာ ပြည်မက လူအများ 
မသိ၊ မမြင်၊ မခံစားနိုင်တဲ့ ချယ်ရီတွေ ယမ်းနံ့စွဲနေတဲ့ အဖြစ်အပျက် ကို
 ဖွင့်ဟ ပြထားတဲ့” သီချင်းပါ..။ 
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်.. ခြောက်ဆယ်နီးပါးက 
စွဲနေတဲ့  ယမ်းနံ့ ခုအချိန်ထိလည်း မပျောက်သေးပါ..။
ခု လောလောလတ်လတ်တင် တိုင်းပြည်ရဲ့ ဝမ်းဗိုက် အလယ်ဗဟို
 ခေါင်တည့်တည့် မြန်မာ (ဗမာ) တွေချည်း နေတဲ့ အရပ်မှာတောင်
မီးခိုးဗုံးနံ့ စွဲခဲ့သေးတာ  “တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” မှာလည်း 
ယမ်းနံ့ မပြယ်သေးတာ ထူးဆန်းတယ်လို့တော့ မဆိုနိုင်ပါ.။

ခုရေးနေရင်းနဲ့ နာဇီခေတ် ဂျာမဏီ မှာ နာဇီအာဏာရှင်ရဲ့ 
ဖိနှိပ်၊ ရက်စက်မှုတွေကို ဂျာမန် ပညာတတ် ဆိုသူတွေရဲ့ အသိ၊ 
အမှတ်မဲ့ လျစ်လျူရှုနေနိုင်ရက်မှု (Ignorance) ကို ဖော်ညွှန်းထားတဲ့ 
နာဇီဆန့်ကျင်ရေးသမား “Martin Niemöller” ရဲ့ ထင်ရှားတဲ့ 
“First they came…”  စကားစုလေးကိုလည်း သတိရမိပါတယ်..။ 
“First they came for the communists,
and I didn’t speak out because I wasn’t a communist.
Then they came for the socialists,
and I didn’t speak out because I wasn’t a socialist.
Then they came for the trade unionists,
and I didn’t speak out because I wasn’t a trade unionist.
Then they came for me,
and there was no one left to speak for me.”

ဗမာပြည်မှာလည်း လူများစု၊ လူနည်းစု၊ လူမျိုး/ ဘာသာတူ၊ လူမျိုး/ ဘာသာကွဲ 
အားလုံးကို ဖိနင်းထားတဲ့ စနစ်ဆိုးကြီး အန္တရာယ် နဲ့ အရိပ် 
စိုးမိုးလျက်ရှိနေဆဲဆိုတာကို လူအများ၊ အထူးသဖြင့် 
တိုင်းပြည်မှာ ရှေ့တန်းရောက်၊ လူတွင်ကျယ်၊ ပညာတတ်တယ် ဆိုတဲ့ 
လူတန်းစားများ
  “အပြောင်းအလဲတချို့ကြောင့် ငါတို့ အခြေအနေ ပိုကောင်းလာတယ်..၊
 ဒါမှမဟုတ်၊ ငါတော့ မထိသေးဘူး ဆိုတဲ့ သဘော” အမှုမဲ့ မနေသင့်ဘဲ၊
“ငါတို့ အားလုံးကို စနစ်ဆိုးကြီးက ဖိနှိပ်၊ ချုပ်နှောင်လျက်ပါပဲလား..” 
ဆိုတဲ့ အသိတရား ခံစား၊ နားလည်၊ ရရှိ စေချင်ပါတယ်။ 
အပေါ်ရံ အသွင်အပြင် ပြောင်းကောင်း၊ ပြောင်းသွားပေမယ့် အတွင်းသဘော မပြောင်းတဲ့.. 
        “ဘုံရန်သူ” ကို မျက်ခြေပြတ်၊ အလေးဂရုမပြု.. မနေသင့်ပါဘူး။ 
“တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ” ဟာ စိုင်းခမ်းလိတ် ရဲ့ 
ပထမဦးဆုံး ပင်ကိုယ်ရေး ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား
 (မြန်မာလို) တေးတပုဒ် အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ 
စိုင်းခမ်းလိတ် ရဲ့ ပထမဦးဆုံး ကိုယ်ပိုင်သံစဉ် က 
အကိုဖြစ်သူ စိုင်းခမ်းတုံ ရေးတဲ့ ‘ဆေးတံတို’ သီချင်းစာသားကို 
သံစဉ် ရှာ အသံထည့်ခဲ့ခြင်း ဖြစ်ပါတယ်။
စာပေကင်ပေတိုင် စီစစ်ရေးက မျက်စိမှောက်သွားတာပဲလား..၊ 
အဓိပ္ပာယ် နားမလည်တာလားမသိ၊ ဒီသီချင်း 
“တောင်ပေါ်မြေရဲ့တခြားတမျက်နှာ” ကို စိုင်းထီးဆိုင်ရဲ့ 
ပထမဦးဆုံး တေးစု “သဘာဝ (၁၉၇၃)” မှာ 
တရားဝင် သီဆို အသံသွင်း လူထုထံ ဖြန့်ချီ ခွင့်ရခဲ့တယ်။

“သဘာဝ” တေးစု ကို “The Outsiders” အဖွဲ့ကတီးခတ်ပေးခဲ့တယ်။ 
စိုင်းခမ်းလိတ် က “Albert Camus” ရဲ့ “The Outsider” ကို ဖတ်ပြီး 
သဘောကျလို့ အဖွဲ့နာမည်ကို “The Outsiders” လို့ 
ကိုယ်တိုင် နာမည်ပေးခဲ့တယ်..။ 

စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်းဝင်း စတဲ့ 
မိတ်ဆွေ သူငယ်ချင်းတစု ပါဝင်ခဲ့တယ်။ 
ဒီတေးစု အပြင် အဲ့ကာလ မန္တလေးတက္ကသိုလ် အသိုင်းအ၀ိုင်းမှာ 
တီးခတ်စရာ ရှိပါက “The Outsiders” နာမည်နဲ့ပဲ 
သူတို့ မိတ်ဆွေ၊ သူငယ်ချင်းတစု တီးခတ်ခဲ့တယ်။

အဲ့ကာလထက် တနှစ်လောက် ခပ်စောစောမှာ 
စိုင်းထီးဆိုင်ရဲ့ သူငယ်ချင်း စောဂျက်ဆင်က
 စောဂျော်နီ၊စိုင်းခမ်းသီ (စိုင်းခမ်းလိတ်ရဲ့ ညီ) စတဲ့ သူငယ်ချင်းတစု နဲ့ ပေါင်းပြီး
 တောင်ကြီးမှာ “The Highlanders”တီးဝိုင်းဖွဲ့ခဲ့တယ်။ 

ဒီသူငယ်ချင်း အုပ်စု နှစ်ခုပေါင်းပြီး နောင်မှာ ဆက်လက်ထွက်ရှိလာခဲ့တဲ့
 စိုင်းထီးဆိုင် နဲ့ သူငယ်ချင်းတွေရဲ့ တေးစုတွေနဲ့အတူ 
ဗမာ့ကိုယ်ပိုင်သံစဉ်တေးလောကမှာ သျှမ်းသျှမ်းတောက်ခဲ့တဲ့
 “The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ)” တီးဝိုင်း ဖြစ်ပေါ်လာခဲ့တယ်။ 

ဗမာ့ကိုယ်ပိုင်သံစဉ် စတီရီယို ခေတ်ပေါ်တေးလောက ကို 
အစဦးကတည်းက ရှမ်း၊ ချင်း၊ ကရင်၊ ကချင်၊မွန် အစရှိတဲ့ 
တိုင်းရင်းသားလူနည်းစုတွေက ဆပ်မကုန်နိုင်တဲ့
 ကြီးစွာသော အကျိုးပြုခဲ့ပါတယ်။
          ငြိမ်းချမ်းအေး
          http://moemaka.com/archives/29686  page မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment