စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Wednesday, July 16, 2014

လူငယ်ခြေကျ စိုင်းထီးဆိုင်


လူငယ်ခြေကျ
Youtube Links:
http://www.youtube.com/watch?v=aIcDYBvIrs8     (လူငယ်ခြေကျ - စိုင်းထီးဆိုင် version)
http://www.youtube.com/watch?v=9nEiDQIlJkE      (လူငယ်ခြေကျ - မွန်းအောင်version)

လူငယ်ခြေကျ


ဟိုတုန်းကတင်ဝင်း
(
ဆေး/မန်း)
ကျွန်တော့်တို့အခေါ်အရတော့ကို
Ronald Yin
ပေါ့လေ
သူပြောလေ့ရှိတဲ့စကားတစ်ခွန်းပေါ့။
ကျွန်တော်ကတကယ်ကိုသဘောကျသွားတယ်။ဘာလို့လဲ
ဆိုတော့တက္ကသိုလ်တက်ပြီးအမျိုးဘာသာသာသနာအတွက်
ဘာမျှအသုံးမကျဘဲဖြစ်နေတဲ့လူငယ်တက္ကသိုလ်ထွက်တွေ
အများကြီးတွေ့ဖူးပြီးသားဖြစ်နေတာကိုး။
ဒါနဲ့ပဲအဲဒီသီချင်းကိုရေးဖြစ်တာပါ။

ိုတဲ့သူရော တီးတဲ့သူရော အားလုံးကြိုက်ကြပြီး
သီချင်းပြီးတဲ့အချိန်နဲ့
Regional College
တွေစတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားလို့
ကျွန်တော်ကနှမျောတသစွာနဲ့ပ
ဲပြန်နုတ်
လိုက်ရတဲ့သီချင်းတစ်ပုဒ်ပါ
Dr.Sai Kham Leik
- FB မှကူးယူဖေါ်ပြသည်


 ငြိမ်းချမ်းအေး ရဲ့ အမြင် 

တင်ဝင်း (ဆေး/မန်း) ဟာ  
စိုင်းခမ်းလိတ် ရဲ့ 
မန္တလေး ဆေးတက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်း၊
 ဂျေမောင်မောင်၊ မန္တလေး “The Shells” အုပ်စု နဲ့ 
ခိုင်ထူး ရဲ့ နာမည်ကြီး ကိုယ်ပိုင်သံစဉ်
သီချင်းကောင်းများစွာ ကို ရေးစပ်ခဲ့သူ၊ နောက်ပိုင်းမှာ မေ့ဆေးဆရာဝန်ကြီး
 ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ဒီသီချင်းလည်း

 ပြည်တွင်းမှာ တရားဝင် အသံသွင်း၊ ဖြန့်ချီခွင့် မရခဲ့ပါဘူး။ 
စိုင်းထီးဆိုင် အပါအဝင်
 

အဲ့ဒီခေတ် လူငယ် တက္ကသိုလ်ကျောင်းသားတွေ အပျော်တမ်း 
ဆို/တီး ကြရင်းနဲ့ပဲ သီချင်းဟာ
လူငယ်ထုကြား ရေပန်းစားလာခဲ့ပါတယ်။
၈၀ ခုနှစ်များရဲ့ နာမည်ကျော် အဆိုတော် မွန်းအောင် တယောက် 
၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး 
စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်ဖို့
ကျာင်းသားတွေနဲ့ အတူ တောခိုသွားတဲ့ အချိန်မှာ 
ဒီလို အာဏာရှင်လက်အောက် သီဆိုခွင့်
မရတဲ့ သီချင်းအများအပြားကို ယူသွားခဲ့ပါတယ်။
 နောင် သီချင်းတွေကို
“ငြိမ်းချမ်းရေးတိုက်ပွဲ (၁၉၉၂)” တေးစု 
အနေနဲ့ ယိုးဒယား မှာ အသံသွင်း ပြီး
ပြည်တွင်းကို လျှို့ဝှက်ဖြန့်ချီ တင်သွင်း ရာမှာ 
ဒီ “လူငယ်ခြေကျ” သီချင်းလည်း
ပါခဲ့လို့ ၉၀ ခုနှစ် လူငယ်များကြားလည်း ထင်ရှားလာခဲ့ပါတယ်။
စစ်အာဏာရှင် အဆက်ဆက် စနစ်ဆိုးရဲ့ သားကောင်တွေ အဖြစ်နဲ့
“အတောင် အလက် ပြည့်ပြီးကာမှ ကောင်းကင် လိုင်စင် မရလို့ မပျံနိုင်တဲ့ ငှက်ကလေးလို..”
 လူမှန်၊ နေရာမှန် မိသားစု၊ တိုင်းပြည် နဲ့ လူမျိုးအတွက် အကျိုးမပြုနိုင်ဖြစ်နေတဲ့ ပညာတတ်
“ခေတ်လူငယ် ခြေကျ / ခေတ်လူငယ် အခြေကျ” တွေရဲ့ ဘဝကို 
ရင်ဖွင့်ထားတဲ့ ဒီသီချင်းဟာ 
ယနေ့ခေတ် အပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သမျှ
လူငယ်တွေ အတွက် မှန်နေဦးမယ့်..၊ လူငယ်တွေ ဆိုနေရဦးမယ့် 
သီချင်းပဲ ဖြစ်ပါတယ်။

စာရေးသူ နားထောင်ဖူးတဲ့ ဒီသီချင်း ဗားရှင်း နှစ်မျိုးထဲက 
စိုင်းထီးဆိုင် အပျော်တမ်းဆို ဗားရှင်းမှာ
 ခေတ်ဆိုး၊ စနစ်ဆိုး နဲ့အတူ အံ့ဝင်ခွင်ကျ အကျိုးမဲ့ဖြစ်နရရှာတဲ့ 
ပညာတတ် လူငယ်တွေ သဘော
“ခေတ်လူငယ် အခြေကျ” ဖြစ်ပြီး 
မွန်းအောင် ရဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” တေးစု
ဗားရှင်းမှာတော့ လို့ ပညာတတ် လူငယ်ပေမယ့် 
စနစ်ဆိုးကြောင့် အစွမ်းမဲ့ ခြေကျ ဖြစ်နေရရှာတဲ့
သဘော “လူငယ်ခြေကျ” လို့ နှစ်မျိုး ဖြစ်နေတာ 
သတိထားမိပါတယ်။
တေးပြုစာဆို စိုင်းခမ်းလိတ် တယောက်
သက်ရှိထင်ရှားရှိနေစဉ် အခုလို အချိန်မှာ စတင် ဖွဲ့ဆိုချိန်က 
မူရင်း စာသား အမှန် ဘယ်လိုဆိုတာ
 နောင် သမိုင်းမှာ စာသား အမှန်ကျန်ရစ်စေဖို့ စီစစ် ပြုပြင်
 ပေးနိုင်ရင်ကောင်းမယ်လို့ ယူဆမိပါတယ်။
ငြိမ်းချမ်းအေး
http://moemaka.com/archives/29686

No comments:

Post a Comment