စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, July 25, 2014

သံတုံးကြီးလေထဲ ဝဲပျံနိုင်သော်လည်း အရေးပေါ်အခြေအနေထဲ လူတွေမပျံဝဲနိုင်ဘဲ ပြုတ်ကျ သေနေကြဆဲပါလား။





http://www.bbc.com/news/world-asia-28457657
http://www.bbc.com/news/world-asia-28448763
http://www.channelnewsasia.com/news
http://www.bbc.com/news/world-asia-28462895
http://www.bbc.com/news/world-africa-28475335
http://www.channelnewsasia.com/news/world/air-algerie-plane-crashes/1280582.html
http://www.ibtimes.co.uk/
http://www.bbc.com/news/world-asia-28458810  Korea Ferry owner

သံတုံးကြီးလေထဲ ဝဲပျံနိုင်သော်လည်း အရေးပေါ်အခြေအနေထဲ လူတွေမပျံဝဲနိုင်ဘဲ ပြုတ်ကျ သေနေကြဆဲပါလား။
 
 
လေယာဉ် ပျက်ကျ တစ်စီးလုံး၊ တစ်စီးလုံးနီးနီးသေကြတာကို
သတင်းတွေထဲဖတ်ဖတ်နေရတော့
ခရီးသည်တွေအတွက်လဲ Emergency အခြေအနေမှာ
ထိုင်ခုံပေါ် ခါးပတ်နဲ့ထိုင်နေသူတိုင်းအတွက်
Automatic fasten လုပ်ပေးနိုင်တဲ့
Ejection seats တွေ၊ တတ်ဆင်ပေးထားနိုင်ရင် လုံခြုံမှူရှိမလား၊
 လေယာဉ်တစ်စီးလုံး ပင့်မနိုင်ပြီး၊
 Fire resistant ရှိတဲ့ အထည်စ၊ ကြိုးတွေနဲ့လုပ်ထားတဲ့
 လေထီးကြီးတစ်ခု တတ်ထားနိုင်ယင်
မဖြစ်ဘူးလား စသည်ဖြင့် စဉ်းစားမိပါရဲ့။

အခုတော့ လေယာဉ်ဘယ်နည်းနဲ့လေထဲကနေ
ပျက်ကျကျ အကုန်နီးပါးသေ၊
 ရေထဲ ခရီးသည်တင် သဘောင်္မှောက်လဲ
အကုန်လုံးနီးပါးသေဆိုတော့ ၂၁ရာစု ခရီးသွားစံနစ်တွေမှာ အရေးပေါ်အသက်ရှင်သန်လလွတ်မြောက်နိုင်မယ့်နည်းပညာတွေက
 တော်တော်သုံးမရသေးဘူးလို့ပြောရပါလိမ့်မယ်၊

စစ်လေယာဉ်မှာ လေယာဉ် ပိုင့်လော့တွေအတွက်နည်းရှိရင်
၂၁ရာစုမှာ ခရီးသည်တွေအတွက် လည်း
Technology Develop လုပ်ထားပေးသင့်ပြီ။

ခေတ်မီခရီးသည်တင်လေယာဉ်ကြီးတွေ လေဆိပ်တွေမှာ
မရှိမဖြစ်မဟုတ်သော
Luxury Hotel တွေလို ဇိမ်ခံပစ္စည်းအသုံးအဆောင် ဝန်ဆောင်မှုတွေ
တတ်ဆင်ထားရှိပေးကာ
ခရီးသည်များ၏ ပိုက်ဆံကို
မလိုအပ် ဘဲကုန်ကျစေကြောင်း
ဘားဂျပ်လေကြောင်းလိုင်းများနှင့် Luxury လေကြောင်းခရီးစဉ်
လက်မှတ်တန်ဘိုးကွာခြားမှုကြည့်က သိနိုင်ပေသည်။

လေထဲ သံတုံးထဲ ဝင်စီးလိုက်ရသော
ခရီးသည်တစ်ယောက်အဖို့
မည့်သည့်အရေး ပေါ်အခြေအနေဖြစ်စေ ပေါ်ပေါက်ခဲ့လျင်
သူတို့၏အသက်လုံခြုံရေးကို
စိတ်ချရမှု အများဆုံးပေးနိုင်သော
လေယာဉ်ကိုသာ
Luxury ဖြစ်ခြင်းမဖြစ်ခြင်းထက်
ဦးစားပေး ရွေးချယ်စီးချင်ကြပေမည်။
ယခုအချိန်ထိ
လေယာဉ်လေထဲပျံဝဲနေတုန်း ... ပျက်ကျခဲ့ပါလျင်
အသက်ရှင်သန်နိုင်မှု
အလွန်နည်းပါးသည်ကိုတွေ့နေရပါသည်။
၂၁ရာစု ကမ္ဘာ့နည်းပညာများ လွန်စွာ လျင်မြန်စွာ
ပြောင်းလဲ တိုးတက်နေချိန်တွင်
လေယာဉ်စီးခရီးသည်များအတွက်
ရေပေါ်တွင်သာ အကောင်းအတိုင်းပျက်ကျပြီး
လေယာဉ်ထဲမှ မီးမလောင်ဘဲထွက်ခဲ့နိုင်မှ
ဝတ်ဆင် အသုံးပြုရေပေါ်ပေါ် အသက်ရှင်နေနိုင်မည့်
inflatable life jacket စံနစ်သည်
အလွန်တရာအသုံးမဲ့ကာ
အမှန်တစ်ကယ် ပျက်ကျသည့်
Case တော်တော်များ၌
အသုံးဝင်နိုင်မှုအခြေအနေ
မရှိသလောက်
အဓိပ္ပါယ်မဲ့သလောက်ဖြစ်နေပေပြီ။
တဦးချင်းလွတ်မြောက်နိုင်သည့်
fighter pilot များအတွက်တတ်ဆင်သည့်
ထိုင်ခုန်စံနစ်မျိုး မဟုတ်ရင်တောင်
အတွဲလိုက် လွတ်ြှောက်နိုင်သော
လေထီးစံနစ် လေသဘောင်္စံနစ်မျိုးတို့လို
တစ်ခုခုကို နည်းပညာအခြေခံ၍
တီတွင် တတ်ဆင်သင့်ပေပြီ။

No comments:

Post a Comment