စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Tuesday, July 15, 2014

ဖြတ်သာသွားမယ်မနားတယ် တင်ဝင်း (ဆေး/မန်း) Uncensored Version

  ဖြတ်သာသွားမယ်မနားတယ်

ဖြတ်သာသွားတယ်မနားတယ်..သီချင်းဟာ ဆရာ ရေးစပ်ခဲ့တုံးကတော့... ရှမ်းပြည်နယ်ကို ဖြတ်သန်းသွယ်တန်းထားတဲ့...
ရှမ်းပြည် အင်းလေးကန်ကြီးကိုမြစ်ဖျားခံတဲ့ ........ 
ကယားပြည်နယ်ရဲ့ သဘာဝ ထုတ်ကုန်
 လောပီတ ရေအား လျှပ်စစ်တာဝါလိုင်းကြီးတွေ...
အရှေ့ကနေ အနောက် ဖြတ်သန်းသွားခဲ့ ပါသော်လည်း ..... 
အဲဒီလျှပ်စစ်လှိုင်းတွေ ခွဲဝေ ပေးမခံရတဲ့...
ရှမ်းပြည်နယ်သားတွေခံစားချက်ကို ...... 
ခံစားရေးစပ် ခဲ့တာဖြစ်ပေမယ့်.........
 မြန်မာပြည် ရဲ့ ပြည်မဒေသနေပြည်သူတွေ အတွက်..... 
လျှပ်စစ်မီးဖြန့်ဝေ ပေးခဲ့တဲ့ အတွက် ......... 
ကုသိုလ် မုဒိတာ ပွါးမယ်ဆိုပွါးနိုင်လောက်ပါရဲ့၊
ယခုတစ်ခါ အနောက်ဖက်ရခိုင်ပြည်ရဲ့ သဘာဝ ထွက်ကုန် ......... 
ဓါတ်ငွေ့ကို ကိုးရီးယားကုပ္မဏီက...တူး ဖေါ် 
အကျိုးအမြတ်ခွဲယူ၊...... 

ရခိုင်ရိုးမနဲ့ .......
 မြန်မာပြည် အလယ်ပိုင်းကိုကျော်......... 
ရှမ်းပြည် တစ်ခုလုံးဖြတ်ကာသွား၊.......
 မြန်မာပြည်ကို လွန်ပြီး.......
 

တရုတ် အစိုးရဆီရောင်း ဖို့ ...... 
တရုတ်ပြည်သူတွေအတွက် သုံးဖို့.......

ထုတ်ယူ ဖြတ်သန်းသွားတဲ့ ရခိုင်ပြည်၊
 ဖြတ်သန်းသွားတဲ့ မြန်မာပြည်အလယ်ပိုင်း နဲ့ ......... 
ရှမ်းပြည် တို့နေ ပြည်သူ တွေ အကျိုး အတွက်........
 ဖြန့်ဝေ အသုံးချခြင်းမရှိ၊.......

အုပ်ချုပ်အစိုးရ ရဲ့ 
သူတို့လို နေတဲ့  Budget တောင့်ဖို့အတွက်သာ ....... 
အသုံးချခံရတဲ့ ........ 
ဓါတ်ငွေ့ပိုက်လိုင်းကြီးနဲ့အတူ....... 

 ဒေသခံတွေ ခွဲဝေ ပေးထားရတဲ့
 မြေကြီးဖိုးလောက်မှ......... 
 ပြန်မပေးဝေနိုင်တဲ့ 
ဒီ မဟာဓါတ်ငွေ့လိုင်းကြီးအတွက်.......

ရခိုင်ပြည်သူတွေအပြင်၊ ......
ဖြတ်သန်း ခံရပြီး အကျိုး မခံစားရတဲ့ 

ရှမ်းပြည်နယ်သားတွေရဲ့လက်ရှိ ခံစားချက်အတွက်ပါ ........... 
ရင်ထဲထင်ဟပ်စေတဲ့ 
သီချင်းတစ်ပုဒ်ဖြစ်လာတာမို့ ..........

ကျနော့်ဘလော့ပေါ်ကနေ 
ဒီသီချင်းကို ထပ်မံ ဝေငှပါရစေ။

" ဖြတ်သာသွားတယ်မနားတယ်(၂) " ကိုလဲ 
ဒုတိယံမိ ဖြတ်သန်းခံရတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းအတွက် ဆရာများ ဖြစ်နိုင်မယ်ဆိုရင် ရေးစပ်ပေးစေချင်ပါတယ် ဆရာ

ဆရာခမ်းလိတ်ရဲ့ "" ဖြတ်ကာသွားတယ် မနားတယ် ""
အား ခံစားမိခြင်း၊

အရှေ့ကနေ အလယ်၊
ငွေတောင်ပြည်ရဲ့ သမီးတော်ကိုယ်လဲ
ခုနှစ်တိုင်းမှာ မီးအပြိုင် ထွန်းလင်းကြစေဖို့
အချစ် နဲ့ ခန္ခာ .. . တစ်သက်လုံးစာ အတွက်
အပ်နှင်း ခဲ့ဖူးပါရဲ့ ..... ဆရာ၊

ကျယ်ပြန့်မြင့်မား လွိုင်ဆမ်ဆစ်ရဲ့ သမီးပျိုများ နဲ့
ပုဂံ မှ သည် ကုန်းဘောင် စစ်ကိုင်းတိုင်းသို့အောင်
ပျို မြစ် လှပ တောက်မျက်ဝန်းရှင်
မိုးကုတ် သခင် မောလှကလျာများ လဲ
ကျနော်တို့တွေ ပေးဆက် နေခဲ့ကြရတာပါဘဲ .... ဆရာ ၊

နေညို ညို ဟိုအနောက်ကမ်းရဲ့တခိုက
တနင်္ဂနွေထောင့်ဆီသို့ ခရီးနှင်၊
ရှည်လျားလှတဲ့ တောင်တန်း၊
လွင်ပြင်တွေလဲ ဖြတ်သန်းလို့၊
ဝေသာလီရဲ့ ရမ္မာဝတီသမီးတော်လေးလဲ
နင်္ဂါးတို့ရဲ့ ဘုရင် ဆင်မြန်းဖို့ အသုံးခံခဲ့ရတာဘဲ မဟုတ်လား .....ဆရာ ၊

ဝိတိုရိယ၊ ခါဂါဘိုရာဇီ၊ဇွဲကပင် နဲ့
ရာမည တို့ရဲ့ စိမ်းစိမ်းစိုစို နီနီ ညိုညို၊ သမီးပျိုလေးတွေလဲ
အကြိမ်ကြိမ်ပေးဆက် နေခဲ့ဖူးပြီ .ဆရာရယ်........

ကျနော်တို့တွေရဲ့ အိမ်ဝိုင်းကလေးမှ
ငြိမ်းချမ်းအောင်မလုပ်ပေး၊
ပြည်ခုနှစ်ဆောင်မှာ
ကညင်မီးတိုင် လေးတွေ ကိုယ်စီနဲ့ပဲ၊
ဆက်ဆက်နေရတာမို့..........

ဆရာရယ်....

မေခ မလိခ သမီးချောလှ မနောအလှရတနာ ကိုတော့l
မာကိုပိုလို ရောက်ခဲ့တဲ့ တိုင်းပြည်အရှင်တွေအတွက်၊
ကျနော်တို့ ဆက်သလိုစိတ် မရှိတော့သလို့၊

ဘုရင့်နေပြည်တော်မှာ
မာကျူရီ တိုင်တွေ ဝေနေ ပေမယ့်၊
အရှင့် ပြည်သူတွေကို ထမင်းရည်
ဘဲ သောက်နေပေတော့ရေ လို့၊

လျှာလွဲ အာလွဲ ပြောနေတဲ့ အရှင်ဘုရင် နဲ့
အရှင့် မူးမတ် သေနာ တွေ အတွက်၊

ဖြတ်ကာသွားတယ် မနားတယ်(၂) က နေ
(ရှစ်) ထိ ရေးပေးပါလို့
ကျနော် တိုက်တွန်းချင်ပါတယ်ဗျာ။
TAT86Bumi (ဆရာ့ FB page မှာ 16-7-2014  နေ့က comment ရေးခဲ့မိပါတယ်) 
" ဖြတ်သာသွားတယ်မနားတယ်(၂) "  ကိုလဲ ဒုတိယံမိ ဖြတ်သန်းခံရတဲ့ ဓါတ်ငွေ့ ပိုက်လိုင်းအတွက် ဆရာများ ဖြစ်နိုင်မယ်ဆိုရင် ရေးစပ်ပေးစေချင်ပါတယ်။





From Dr.Sai Kham Leik - FB
ဖြတ်သာသွားတယ်မနားတယ်
ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းတွင်ကျင်လည်တာများနေပါပြီ။ အဲဒီအချိန်မှာကျွန်တော်အစ်ကိုကတော့GTIမှာဝင်ရတော့သူနှင့်တစ်ခါအလည်လိုက်သွားမိတယ်။
မန္တလေး ပတ်ဝန်းကျင်လောက်ကမီးတိုင်ကြီးတွေကို အစ်ကိုက ' ဒီလျှပ်စစ်မီးတိုင်ကိုကြည့်ထားနော်။ အဲဒါကလောပိတကထွက်ပြီးရှမ်းပြည်ကိုဖြတ်ပဲဖြတ်သွားတာ။ဘာမီးမှလဲမပေးဘူး’ ဆိုပြီးပြောတော့ ရေးဖြစ်လိုက်တဲ့သီချင်းတစ်ပုဒ်ပါ။
 


Dr.Sai Kham Leik - FB မှကူးယူဖေါ်ပြသည်

Youtube links:
http://www.youtube.com/watch?v=ZfnuboZ-W-8
http://www.youtube.com/watch?v=He_56xWGi1g
http://www.youtube.com/watch?v=V5XbqnYmmVY
Subtitles ပါတဲ့ နောက်ထပ် version တွေပါ

 ဖြတ်သာသွားမယ်မနားတယ်
တောင်ကို.. ကျော်လို့.. တောကို.. ဖြတ်ကာရယ်.. နေခြည်မှာ.. ငွေရောင်တောက်တဲ့.. ဖိနပ်နဲ့..
ဘယ်ဆီကိုများ.. သွားလည်မယ်.. ကြံလဲ.. ရှမ်းပြည်က.. အိုဘယ့်.. ခရီးသည်..

အိမ်မှာ.. ခဏလေး.. ဖြစ်ဖြစ်.. နားပါကွယ်.. ဖြူစင်.. စေတနာ.. ရှေ့ထား.. ဖိတ်မိခဲ့.. အတွင်တွင်သာ.. သူ့.. ခေါင်းခါကာ.. ဖြေတယ်.. ဖြတ်သာသွားမယ်.. မနားတယ်..

အရှေ့ဘက်က.. ထွက်တဲ့.. ကုန်တွေ.. ပါရင်.. ဝယ်ဦးမယ်.. မလောင်ပေမယ့်.. လင်းတဲ့.. မီးစာရယ်..
ရောင်းခွင့်.. မရသေးရင်လည်း.. နေပါစေတော့ကွယ်.. အမှောင်မှာနေတာ.. ကျင့်သားရပြီပဲ..

တောင်ကို.. ကျော်လို့.. တောကို.. ဖြတ်ကာရယ်.. နေခြည်မှာ.. ငွေရောင်တောက်တဲ့.. ဖိနပ်နဲ့..
ဘယ်ဆီကို.. ဘုရားဖူး.. လည်မယ်.. ကြံလဲ.. လောပိတ.. က.. အို.. ခရီးသည်..

အရှေ့ဘက်က.. ထွက်တဲ့.. ကုန်တွေ.. ပါရင်.. ဝယ်ဦးမယ်.. မလောင်ပေမယ့်.. လင်းတဲ့.. မီးစာရယ်..
ရောင်းခွင့်.. မရသေးရင်လည်း.. နေပါစေတော့ကွယ်.. အမှောင်မှာနေတာ.. ကျင့်သားရပြီပဲ..

တောင်ကို.. ကျော်လို့.. တောကို.. ဖြတ်ကာရယ်.. နေခြည်မှာ.. ငွေရောင်တောက်တဲ့.. ဖိနပ်နဲ့..
ဘယ်ဆီကို.. ဘုရားဖူး.. လည်မယ်.. ကြံလဲ.. လောပိတ.. က.. အို.. ခရီးသည်..

လောပိတ.. က.. အို.. ခရီးသည်..
  အောက်ပါမှတ်ချက်များသည် မူလ Youtube page မှ  

NYEINCHAN AYE ၏ comment များမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

တင်ဝင်း (ဆေး/မန်း) (Ronald Yin) သည် စိုင်းခမ်းလိတ် ၏ မန္တလေး ဆေးတက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သည်။ ဂျေမောင်မောင်၊ မန္တလေး “The Shells (ခရုကလေးများ)” အုပ်စု နှင့် ခိုင်ထူး ၏ နာမည်ကြီး ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများစွာ ကို ရေးစပ်ခဲ့သူ ဖြစ်သည်။ Shells အုပ်စု ၏ ရှေးဦးတေးစု ကာရန်မဲ့ခင်မင်မှု တေးစု (၁၉၇၉) တွင်လည်း ဝင်ရောက် သီချင်းဆိုဖူးသည်။ လက်ရှိ မေ့ဆေးအထူးကု ဆရာဝန်ကြီး အဖြစ် မန္တလေးမြို့တွင် နေထိုင်လျက် ရှိသည်။

ဤ သီချင်းကို ရှမ်းဂီတစာဆို စိုင်းခမ်းလိတ် သည် ၁၉၇၀ ခုနှစ်များတွင် ရေးစပ်ခဲ့ပြီး တရားဝင် ဖြန့်ချီခွင့် မရခဲ့ပေ။ မဆလ စစ်အစိုးရ ၏ စီစစ်ရေး လွတ်ရန်အတွက် စာသားပြောင်း၊ ပုံဖျက်၊ အသွင်ပြောင်း ခဲ့ရသည့် စာသားအတော်များများ ကွဲ ဒုတိယ ဗားရှင်း “ဖြတ်သာသွားမယ်.. မနားတယ်” သီချင်းကို “စိုင်းဆိုင်မော၊ဝ်၊” သည် “စိုင်းထီးဆိုင်” အထိန်းသိမ်းခံရစဉ်ကာလ “စိုင်းခမ်းလိတ်” ၏ သီချင်းအသစ်များကို သီဆို အသံသွင်း ထုတ်ခဲ့သည့် “ရွှေဟင်္သာပျံမှာစိုး (၁၉၇၉)” တေးစု ၌ သီဆိုခဲ့ဖူးသည်။

No comments:

Post a Comment