စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Friday, July 18, 2014

When world's population reach 10billion

Meanwhile, with the world's population set to reach 10 billion by mid-century.
ဆိုတဲ့ ဝါကျတစကြောင်း BBC ရဲ့ Sulphur အကြောင်း(Sulphur surplus: Up to our necks in a diabolical element)သတင်းဆောင်းပါးမှ(http://www.bbc.com/news/magazine-28369829)  ဖတ်သားမိရင်း ခံစားမိတာကတော့------

1970 ကျော်လောက်တုန်းက Boney M ရဲ့ Rasputin ကို
copy လုပ်ဆိုထားတဲ့ ဘိုဘိုဟန် သီချင်းထဲက
ကမ္ဘာမှာ လူသားသန်းပေါင်း ၄၀၀၀ ဆိုတာ
အိပ်မက်ကမ္ဘာထဲမှာသာ ပြောရတော့မှာ ဆိုပေမယ့်၊
Burma's population ကတော့
Mid-century မှာ သန်းတစ်ရာ set လောက်ပါရဲ့

ရန်ကုန်ကတော့နေပူပူထဲမှာရှိတုန်းပဲ ဖြစ်သလို၊
ရေတိမ်ထဲမှာလဲ တစ်ဖြည်းနစ်လာနေပြီ ဆိုရမှာပါဘဲ၊
 မြန်မာပြည် ယန္တရားကြီးကို ပုံမှန်မောင်းနှင်နိုင်မယ့်
Operation Manual ကြီးကတော့
သမိုင်းအဆက်ဆက် Version ဗလဘွနဲ့
 ပြောင်းလဲ စမ်းသပ်ရှုပ်ထွေးလာခဲ့တာ
21st Century အဆန်းမှာရောက်တော့
မုန့်လုံးစက္ကူ ကပ်တာထက်ပိုသလောက်
ဘဲဥ အစပါပြန်ရှာနေရတဲ့ အဖြစ်မို့
အံ့လဲသြလောက်ပေတဲ့
Operation manual ဘဲလို့
ထင်ရလောက်ပါတယ်၊။၊

ပြေပန်းညို  ချို ချင်ပါရဲ့နဲ့၊
ဆားက ဖျက်သလာ၊
သကြားက ဖျက်သလား၊
အချိုမှုန့်ကဖျက်လား၊
ကြက်သားမှုန့်ကပဲ ဖျက်သမို့လား၊
အကောင်းဆုံးဖြစ်စေချင်တာမို့
စုံစိအောင် ထဲ့မိလိုက်တော့လဲ၊
 စေတနာ လွန်ကဲ သမို့
 ဆေးခါးကြီး သောက်နေရလို့၊
ဆင်ခြေရာ ရှာပြနေတာလား
မစွပ်စွဲချင်တော့ပါဘူး
အကြီးအမှူးတို့ရေ
 နွားနို့စစ်စစ်တစ်ခွက်လောက်တော့
Artificial တွေမရောဘဲ
သောက်ဖူးချင်ပါတယ်ဗျာ။။

 ဆောက်နဲ့ထွင်းရမှာကို G3 နဲ့ပစ်လိုက်မိတော့
ဒီရာစု တို့ပြည်သူတွေအတွက်
ခက်ခဲနေသယောင်ယောင်နဲ့
၁၈ရာစု မြန်မာတွေကို မေးကြည့်ရင်တောင်
ဟားတိုက်လို့ အရီခံရလောက်ပေတဲ့
Operation Manual ပေမို့
ကိုရွှေတို့ရေ မထကြသေးဘူလား ဗျာ၊

အနောက်တစ်ခွင်မှာ မိုးမှောင်လေတွေနဲ့
လူသားမြစ်ရေဆန်နေခဲ့ပြီကိုရွှေ၊
မြောက်တောင်ညိုညိုမှာလဲ ယမ်းခိုးတွေဝေလို့
အရှေ့နေဝန်းကလဲ တိမ်ဖုံးလို့ လလဲ မသာနိုင်တဲ့ညတွေထဲမှာ
ဧရာဝတီလဲ မြစ်ကျိုး မြစ်သွယ် ဒဏ်ရာတွေ နဲ့
ဒို့တွေရဲ့ အိပ်ရေးပျက်ညတွေ
ဘယ်ထိအောင် ခံနိုင်ရည် ရှိသလဲလို့
စမ်းသပ်ခံ နေရတာလဲ ကြာခဲ့ပြီမို့
ကိုရွှေတို့ရေ မထကြသေးဘူလား ဗျာ။

ဒီရာစုဆန်းပေမို့
ဒီမြေ ဒီအကျယ် ဒီလူဦးရေ နဲ့
အာဏာ၊ ပါဝါ၊ ဓန၊မြေယာ၊
စားစရာ၊ အိပ်စရာ၊ နေစရာ၊ သွားစရာတွေ မှ၊
စံနစ်တစ်ခုနဲ့ စီမံ အမှန် မပြင်ဆင်နိုင်သေး၊
မြေလု ယာလု ...... အိမ်လု စားကျက်လု၊
ပါဝါအာဏာတွေလဲ ..... လုနေကြရတုန်းဘဲလား
ကိုရွှေတို့ရေ မထကြသေးဘူလား ဗျာ။

Mid-century အရောက်တွင်ဘဲ
အဆီတဝင်းဝင်းနဲ့အသား-----
ကျားတွေ နဂါးတွေ စားလို့ ၊
ကျန်တဲ့အရိုး ခွေးအတွေ ၊တောခွေးတွေ၊
ဝံပုလွေ အုပ်တွေ ဝင်ဆွဲ ခံရရင်တော့
တို့တွေအတွက်
မြက်နဲ့ကောက်ရိုးလောက် တော့
ကျန်ရစ်ကောင်းပါရဲ့၊
ကိုရွှေတို့ရေ ထကြကုန်လော၊
ပါတော့လား။။

TAT86 Bumi

No comments:

Post a Comment